AD
AD
AD
play

 

ဆိုင်ဝန်ထမ်းအမျိုးသားကို လိင်တူချင်း အဓမ္မပြုကျင့်ခဲ့တဲ့ မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်ကို တရားစတင်စွဲဆို လိုက်ပြီလို့ တောင်ဥက္ကလာပ မြို့နယ်တရားရုံးကနေ သိရပါတယ်။

ဧပြီလ ၆ ရက်နေ့ ရုံးထုတ်ရမန်ယူတဲ့ နေ့မှာ စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ တရားစွဲဆိုဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ကာ အာမခံလျှောက်ထားမှုကို တရားလို ဥပဒေအကြံပေးက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုတွက် နောက်ထပ်ရုံးချိန်းကို ဧပြီလ ၂၀ ရက်နေ့မှာ ထပ်မံပြုလုပ်သွားမယ်လို့ သိရပါတယ်။

လာမယ့် ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ကို ကြားနာသွားမှာဖြစ်ပြီး အာမခံပေးသင့် မပေးသင့်ကိုပါ အဲဒီရုံးချိန်းမှာ အမိန့်ချမယ်လို့ တောင်ဥက္ကလာပ မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်ရှိ မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်ဟာ ဆိုင်ဝန်ထမ်းအမျိုးသားကို အလိုမတူဘဲ လိင်တူချင်း အဓမ္မ ပြုကျင့်ခဲ့တယ်ဆိုပြီး ဓမ္မတာနဲ့ ဆန့်ကျင်သော ပြစ်မှု ပုဒ်မ ၃၇၇ နဲ့ တောင်ဥက္ကလာရဲစခန်းမှာ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

အောင်မျိုးထွဋ်ဆိုသူဟာ HIV/AIDS ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး AIDS ရောဂါရှိသူလည်း ဖြစ်ကြောင်း ကျူးလွန်ခံရသူက ရုပ်သံသတင်းတစ်ခုမှာ ဖြေကြားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD