AD
AD
AD
play

 

တပ်မတော် လေယာဉ်ပျက်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ လေယာဉ်မှူး အတွက် ကျန်ရစ်သူ မိသားစု နဲ့ အတူ ၀မ်းနည်းကြေကွဲရပါကြောင်း အားပေးစကားပြောကြားတဲ့ စာတစ်စောင်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပေးပို့လိုက်ပါတယ်။

ဗိုလ်မှူး အာကာဝင်းရဲ့ဇနီး ဒေါ်မြတ်မြတ်သစ်ထံ လိပ်မူထားတဲ့ စာတစ်စောင်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၄ ရက်နေ့မှာ ပေးပို့ခဲ့တာပါ။

“ဧပြီလ ၃ ရက် မနက်ပိုင်းက တောင်ငူလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းဟာ F7 တိုက်လေယာဉ် ဖြင့် လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းခဲ့ပေမယ့် မိမိရဲ့ အသက်ရှင်လွတ်မြောက်ရေးကို ပဓာနမထားဘဲ စွမ်းစွမ်းတမံဆောင်ရွက်ပြီး ကျဆုံးသွားခဲ့ကြောင်း ကြားသိရပါတယ်။ စွမ်းဆောင်ရင်းကျဆုံးခဲ့ရသည့်အတွက် ကျန်ရစ်သူ ဇနီးသမီးမြတ်မြတ်သစ်တို့ မိသားစုနဲ့ အတူ ထပ်တူ ထပ်မျှဝမ်းနည်းရပါကြောင်း မေတ္တာဖြင့် အားပေးစကားပြောကြားလိုက်ပါသည်” ဆိုပြီး ရေးသားပေးပို့ခဲ့တာပါ။

ဒေါ်မြတ်မြတ်သစ်ကလည်း “ စိတ်ဓာတ်ခွန်အားဖြစ်စေရန် မေတ္တာဖြင့် အားပေးစကား ပြောကြားပေးပါသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သမီးအနေဖြင့် ကျေးဇူး အထူးတင်ရှိအပ်ပါတယ်ရှင်” ဆိုပြီး သူ့ရဲ့ ဖေ့ဘွတ်စ် စာမျက်နှာမှာ ရေးသားထားပါတယ်။

အသက်ကို ပဓာနမထားဘဲ ကျွန်းကုန်းကျေးရွာပေါ်ကို လေယာဉ်မပျက်ကျဖို့ အတတ်နိုင်ဆုံး ထိန်းကျောင်းမောင်းနှင်ခဲ့တဲ့ ဗိုလ်မှူး အာကာဝင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူးဂုဏ်ပြုကြောင်းနဲ့ လိုအပ်တာတွေကို ဆက်လက်ဆောင်ရွက်ပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD