AD
AD
AD
play

 

ဒီနေ့( ဧပြီ ၇ ရက်) ညနေ ၅ နာရီလောက်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ပိတောက်လမ်းက ပလပ်စတစ်စက်ရုံတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 3 အဆင့်မီးသတ်ယာဉ်အုပ်စုနဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

မီးလောင်တဲ့နေရာကို မီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှုယာဉ်(၅)စီး ၊ မီးသတ်ယာဉ်(၃၀)စီးတို့ သွားရောက်ငြိမ်းသတ်ခဲ့ရပြီး မီးလောင်မှုဖြစ်စဉ်ကို ည ၇ နာရီမှာ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

Source : MFSD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD