AD
AD
AD
play

 

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနဲ့ တရားမ၀င် ရောင်းဝယ်မှု ရပ်တန့်ရေး လုပ်ဆောင်ချက်ကို ပြည်သူတွေအကြားသိရှိမှု ကျယ့်ပြန့် ဖို့ WWF မြန်မာနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး အသိပညာပေးတာတွေ ပြုလုပ်သွားမယ်လို့  သိရပါတယ်။

ဒီလုပ်ဆောင်ချက်မှာ ပထမဆုံး အနေနဲ့ တောရိုင်းတိရစ္ဆာန်များဆိုင်ရာ ဂီတပွဲတော်ကို ဧပြီလ ၇ ရက်က ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံမှာ ပြုလုပ်ခဲ့ပြီး နာမည်ကြီးတေးသံရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု၊ လာရောက်တဲ့ ပြည်သူတွေက ဆင်ခန္ဒာကိုယ်မှ ရတဲ့ ပစ္စည်းတွေကို ရောင်းဝယ်ခြင်းမပြုပါနဲ့ ဆိုတဲ့ ကတိပြု လက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

"၂၀၁၁ မှာတုန်းက မြန်မာပြည်မှာ ဆင်ကောင်ရေက ၁၄၀၀ နဲ့ ၂၀၀၀ ကြားမှာ ရှိပါတယ်။ အခုဆိုရင် အများကြီးလျော့နေပါပြီ။ ဆင်တွေဟာ တစ်ပတ်ကို တစ်ကောင်နှုန်းနဲ့ အသတ်ခံနေရတယ်။ ၂၀၃၀ လောက်ဆိုရင် ဆင်တွေကပျောက်သွားလိမ့်မယ်။ ဒါကို အရေးမယူလို့ မရတော့ဘူး " လို့ WWF မြန်မာမှ ParternerShip Director မမေမိုးဝါက ပြောပါတယ်။

WWF မြန်မာအနေနဲ့ မြန်မာ့တောရိုင်းဆင်တွေ သတ်ဖြတ်ခံနေရတာကို ကယ်တင်ဖို့  ပြုလုပ်တဲ့  မိုမို့တို့အတွက် ရင်တွင်းစကားသံဆိုတဲ့ ကမ်ပိန်းကို ၂၀၁၇ ခုနှစ်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဗိုလ်ချုပ်ဈေးနဲ့ ရွေတိဂုံဘုရားမှာရှိတဲ့ ဈေးဆိုင်တွေမှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ ခန္ဒာကိုယ်ကရတဲ့ ပစ္စည်းတွေကို ရောင်းချခြင်း မပြုဖို့လည်း အသိပညာပေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD