AD
AD
AD
play

 

ဧပြီလ ၁ ရက်နေ့က ပြတ်ကျခဲ့တဲ့ မြောင်းမြကြိုးတံတားအခြေအနေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၀ ရက်မှာ နေ့ချင်းပြန် သွားရောက်ကြည့်ရှုစစ်ဆေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က  တံတားကျိုးကျချိန်မှာ ပါဝင်သွားတဲ့ ကုန်တင်ယာဉ်မှ သေဆုံးသူနှစ်ဦး၏ မိသားစုဝင်တွေကို တွေ့ဆုံအားပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောင်းမြမြို့မှ လူငယ်တွေရဲ့  ငြိမ်းချမ်းရေးစကားဝိုင်းကို တက်ရောက်ဖို့ စီစဉ်ထားပြီး မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကိုးကွယ်တဲ့ ဇေယျမေဒိနီဘုန်း ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်ကို ဖူးမျှော်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

အတိုင်ပင်ခံပုဂ္ဂိုလ်က မြောင်းမြကြိုးတံတား ပြတ်ကျခဲ့တဲ့ဖြစ်စဉ်ကို အလေးအနက်ထား မေးမြန်းခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက 7Day Daily သတင်းစာအား ပြောကြားဘူးပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရန်ကုန်-အိမ်မဲ-မြောင်းမြ-လပွတ္တာကားလမ်းပေါ်က ဘုရားချောင်းကျေးရွာနဲ့ ကွယ်လွယ်ကျေးရွာသို့ ဆက်သွယ်ထားတဲ့ အလျား ၁၄၅ဝ ပေ၊ အကျယ် ၂၈ ပေရှိ မြောင်းမြကြိုးတံတားက ဧပြီလ ၁ ရက် မနက် ၂ နာရီလောက်မှာ သံမဏိကြိုးဆိုင်း တွေ ပြတ်ကျပြီး ရွေးမြစ်ထဲကို ပြုတ်ကျခဲ့ကာ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

ှSource : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD