AD
AD
AD
play

 

ဧပြီ ၃ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊ (၂၆) ရပ်ကွက်မှာ အသက် (၅၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ၅ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီ ၃ ရက်နေ့ မနက် ၅ နာရီခွဲအချိန်လောက်က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ ဦးဝင်းမြင့်က သူ့ရဲ့ သားဖြစ်သူနဲ့ အတူနေပြည်တော်ကနေ နေအိမ်သို့ ပြန်လည်ရောက်လာတဲ့အချိန်မှာ နေအိမ်အတွင်းခန်းမှာ ဇနီးဖြစ်သူ ဒေါ်နှင်းကြည်မှာ ပါးစပ်ကို ပုဆိုးစနဲ့ ပိတ်ပြီးလည်ပင်းနဲ့ တွဲလျက် ရစ်ပတ်ချည်နှောင်ထားကာ ပက်လက်အနေအထားနဲ့ ဓားဒဏ်ရာတွေရရှိပြီး သေဆုံးနေတယ်လို့ ဆိုပါတယ်။

အထူးအမှုစစ်အဖွဲ့က သေဆုံးသူရဲ့ နောက်ကြောင်းကို စုံစမ်းချက်တွေအရ သေဆုံးသူ ဒေါ်နှင်းကြည်က Oline ကနေတစ်ဆင့် မြေနီကုန်းမှာ တွန်းလှည်းနဲ့ သစ်သီးရောင်းသူ သီရိမောင်ဆိုသူနဲ့ ခင်မင်ရင်းနှီးခဲ့တယ်လို့ သိရပါတယ်။

play

 

စုံစမ်းမှုတွေအရ သီရိမောင်ဆိုသူက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ကို ရောက်ရှိနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က  ဧပြီ ၈ ရက်နေ့ မနက် ၁ နာရီလောက်မှာ သီရိမောင်ကို ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကတ္တာရာခီးကျေးရွာမှာရှိတဲ့ ဦးဝေနှင်းမောင်ရဲ့ ရာဘာခြံမှာ တွေ့ရှိပြီး သူ့ဆီကနေ ငွေ ‎၁၃၈၈၀၀၀ ကျပ်၊ သေဆုံးသူ ဒေါ်နှင်းကြည် ဝတ်ဆင်တဲ့  နားကပ်တစ်ဖက်၊ ရွှေလက်စွပ် (၁) ကွင်း၊ ကျောက်ဖြူလက်စွပ် (၁) ကွင်း၊ Heawei လက်ကိုင်ဖုန်း (၁)လုံး တို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက (ပ) ၆၉၈ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD