AD
AD
AD
play
ဧပြီလ ၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဥက္ကလာပမြို့နယ်တွင် သစ်ကိုင်းများ ကျိုးကျနေစဉ်။

 

လာမယ့်သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံရဲ့ဒေသအများစုမှာ မိုးရွာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပြီး ပြည်နယ်နဲ့တိုင်းငါးခုမှာ မိုးပိုနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ  မြန်မာနိုင်ငံရဲ့ဒေသအများစုမှာ မိုးတိမ်တောင်ဖြစ်ထွန်းမှု များပြားနေပြီး ရှမ်း၊ ကချင်၊ စစ်ကိုင်း၊ ချင်းနဲ့ တနင်္သာရီဒေသတွေမှာ ပုံမှန် ထက်မိုးပိုနိုင်ပြီး ကျန်တဲ့ဒေသတွေမှာက ကွက်ကျားမိုးရွာမယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

ဒီနှစ်သင်္ကြန်ကာလမှာ ဘင်္ဂလားပင်လယ်အော်မှာ ရာသီဥတုပုံမှန်အခြေအနေသာရှိပေမယ့် နွေကာလမှာ ဖြစ်ပေါ်လေ့ရှိသော လေထုမတည် မငြိမ်ဖြစ်စဉ်ကြောင့် နေရာကွက်မိုးနဲ့  မိုးတိမ်တောင်အန္တရာယ်တွေ ကြုံတွေ့ရနိုင်တယ်လို့ မိုးလေသ၀ပညာရှင်တွေက သတိပေးထားပါတယ်။

အနောက်ဘက်ကလာတဲ့ လေအေးတွေနဲ့ ဘင်္ဂလားပင်လယ်အော်က လာတဲ့ လေနွေးတဲ့ စုဆုံမှုကြောင့် ဧပြီလ ၇ ရက်ကနေ ဧပြီလ ၁၀ ရက်အတွင်း ရန်ကုန်မြို့ အပါအ၀င် တိုင်းနဲ့ ပြည်နယ်အချို့မှာ အချိန်အခါမဟုတ် မိုးရွာမယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဧပြီလ ပထမပတ်တုန်းကလည်း ရန်ကုန်၊ နေပြည်တော်အပါအ၀င် ပြည်နယ်နဲ့ တိုင်းဒေသကြီးအများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်မယ်လို့ မိုးဇလဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်အပါအ၀င် မြို့နယ်အများစုမှာ မိုးရွာတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD