AD
AD
AD
play

 

ဒီနှစ်သင်္ကြန်ကာလအတွက် ကားဌားရမ်းမှုမှုတွေက အရင်နှစ်ကထက် များနေပြီး သင်္ကြန်ရေပက်ခံထွက်ဖို့ ငှားရမ်းတာအပြင် ခရီးသွားဖို့ အတွက်လည်း ဌားရမ်းတာတွေ ပိုများနေတယ်လို့ ကားအဌား ၀န်ဆောင်မှု လုပ်ငန်းတွေထံကနေ သိရပါတယ်။

ဟိုက်ဂျက်ယာဉ်နဲ့ လိုက်ထရပ်ယာဉ်တို့က ဌားရမ်းမှု အများဆုံး ဖြစ်နေပြီး ဈေးနှုန်းအားဖြင့် လိုက်ထရပ်ယာဉ်က ကျပ်တစ်သိန်းနှစ်သောင်း၊ ဟိုက်ဂျက်ယာဉ်က ကျပ်တစ်သိန်း ခန့်ရှိနေပြီး သင်္ကြန်ကာလနီးရင် ဈေးနှုန်း အတက်ရှိနိုင်ကြောင်း ကားအဌားဝန်ဆောင်မှု လုပ်ငန်းတစ်ချို့ကနေ သိရပါတယ်။

အခုနှစ်သင်္ကြန်မှာ ရန်ကုန်မြို့မှာ စီိးပွားဖြစ်မဏ္ဍပ်တွေ ပြန်လည်ဆောက်လုပ်ခွင့်ပေးတဲ့အပြင် လမ်းလျှောက်သင်္ကြန်လည်း ထည့်သွင်းကျင်းပမှာ ဖြစ်တာကြောင့် အရင်နှစ်ကထက် ပိုမိုစည်ကားမှာ ဖြစ်တာကြောင့် သင်္ကြန်လည် ပတ်ဖို့ ကားဌားရမ်းမှုတွေ ပိုများလာတယ်ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

 “အများစုကတော့ ဟိုက်ဂျက်တို့ ၊ Light Truck တို့ ဌားရမ်းဝန်ဆောင်မှုတွေက ပိုများတယ်။ တချို့ မြန်မာပြည်ကို ရောက်နေတဲ့ နိုင်ငံခြားသားတို့ ၊ ဒီမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကနေပြီး ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး သင်္ကြန်လည်ကြဖို့ ကားဌားလာကြတယ်”လို့ Forward ကားဝန်ဆောင်မှု လုပ်ငန်းမှ ကိုထွန်းဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

ဒါ့အပြင် ခရီးသွားလုပ်ငန်းက ပြည်တွင်းမှာ ပိုမိုကျယ်ပြန့်လာနေပြီး ယခုနှစ် သင်္ကြန်ကာလမှာလည်း ခရီးသွားဖို့ ကားဌားတဲ့အရေအတွက်က အရင်နှစ်တွေကထက် ပိုများလာတယ်လို့ အောင်စိုးမိုး ကားငှားရမ်းဝန်ဆောင်မှု လုပ်ငန်းကနေ သိရပါတယ်။

“ခရီးသွားကားက ပိုငှားဖြစ်တယ်။ အများအားဖြင့် မီနီဘတ်စ်တွေပေါ့။ အဖွဲ့အစည်းတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ စုပြီးသွားကြတာ များတယ်။ ၂၄ ယောက် ၊ ၃၃ ယောက်၊ ၄၅ ယောက် ဆန့်တဲ့ ကားတွေ ဌားတာ များတယ်"လို့ အောင်စိုးမိုး ကားဌားရမ်းဝန်ဆောင်မှု လုပ်ငန်းမှ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဒီနှစ် ရန်ကုန်သင်္ကြန်မှာ ရေပက်ခံမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်၊ စတုဒီသာမဏ္ဍပ်တွေနဲ့ စည်စည်ကားကား ကျင်းပဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD