AD
AD
AD
play

 

ဒီနေ့ (ဧပြီလ ၉ ရက်) မနက်ပိုင်းက မန္တလေးတိုင်း စဥ့်ကူးမြို့နား တ၀ိုက်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးမှုမရှိဘူးလို့ သိရပါတယ်။

ဧပြီလ ၉ ရက်နေ့ မနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က စဥ့်ကူးမြို့အရှေ့မြောက်က် ခြောက်မိုင်အကွာ အနက်၅ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲကြောင်း မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

"ကြီးကြီးမားမား ပျက်စီးတာဘာမှ မရှိဘူး၊ ထွေအုပ်ကို လှမ်းမေးတော့လည်း သူတို့ဆီကိုဘာမှ မတက်လာသေးဘူးလို့ ပြောတယ်။ ဘုရားစေတီ ပုထိုးတွေ၊ အဆောင်အဦပျက်စီးတာတွေ မကြားသေးဘူး"လို့ စဉ်ကူးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦးက ဓူဝံကို ပြောပါတယ်။

၎ ဒသမ ၉ အင်အားရှိတဲ့ ငလျင်ကြောင့်စဉ်ကူးနဲ့ အနီးတစ်ဝိုက်မြို့တွေဖြစ်တဲ့ မန္တလေး၊ ပြင်ဦးလွင်နှင့်စစ်ကိုင်းမြို့တွေမှာနေထိုင်တဲ့ ပြည်သူတွေ အထိသိရှိခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့ မတ်လ ၁၅ ရက် ည ၁၁ နာရီကျော်အချိန်လောက်မှာ တမူးမြေငလျင်စခန်းက အရှေ့တောင်ဘက် ၄၈ မိုင်ခန့်ကွာဝေးးပြီး မော်လိုက်မြို့ အရှေ့ဘက် ၁၉ မိုင်ခန့်အကွာမှာ အင်အား ၄ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD