AD
AD
AD
play

 

ဒီနှစ်သင်္ကြန်မှာဖွင့်လှစ်မယ့် မဏ္ဍပ်တွေအတွက် လက်မှတ်ရောင်းအားနည်းနေပြီး မဏ္ဍပ်ထိုင်မယ့်သူတွေနည်းပါးနေတယ်လို့ ရန်ကုန်မြို့မှာ ဖွင့်လှစ်မယ့် သင်္ကြန်မဏ္ဍပ်တွေကနေ စုံစမ်းသိရပါတယ်။

ရန်ကုန်မြို့မှာ သင်္ကြန်မဏ္ဍပ်တွေကို စီးပွားဖြစ်ခွင့်ပြုပေးလိုက်တာဖြစ်ပြီး မဏ္ဍပ်တွေအနေနဲ့ လမ်းတွေမှာ ညီညီမျှမျှ ဖြစ်လာတာကြောင့် မဏ္ဍပ်တစ်ခုချင်းစီမှာ လူမျှသွားလို့ နည်းပါးသွားတာဖြစ်တယ်လို့ သိရပါတယ်။

"အခုက ၁၀၀ ရာခိုင်နှုန်းမှာ ၆၀ ရာခိုင်နှုန်းကျော်လောက်ပဲရောင်းရသေးတယ်။ နည်းနည်းပါးတာပေါ့နော်။ အမ အမြင်က နှစ်နှစ်လောက်က သင်္ကြန်ဖီလင်ကပျောက်နေတော့ သိပ်ဖီလင်မလာသေးတောနေမယ်။ ဒါပေမယ့် အမတို့ ဘက်က ရှုံးတဲ့အဆင့်ထိတော့ မဟုတ်သေးဘူးပေါ့နော်" လို့ Barrack ရေကစားမဏ္ဍပ်က organizer တစ်ဦးက ပြောပါတယ်။

play

 

တခြား မဏ္ဍပ်တွေအနေနဲ့လည်း လက်မှတ် ရောင်းချမှုက အလယ်အလတ်လောက်ပဲရှိနေတယ်လို့ သိရပါတယ်။ "လောလောဆယ်တော့ အယောက် ၂၀၀၀ ကျော်လောက်တော့ လာဝယ်ပြီးပြီ။ အခုနှစ်က မဏ္ဍပ်က အရေအတွက်လည်းများလာပြီ။ နောက်ဈေးကွက်ကလည်း များလာတော့ မျှတသွားတော့ နည်းနည်း ပါးသွားတာပါ" လို့ Black Jack မဏ္ဍပ်က စီစဉ်သူတစ်ဦးက ပြောပါတယ်။

လက်မှတ်ဈေးတွေအနေနဲ့ ကျပ်ငါးသောင်းကနေ ကျပ်တစ်သိန်းခွဲအထိ ရှိနေပြီး VIP လက်မှတ်တွေကတော့ ကျပ်တစ်သိန်းကနေ စတင်သတ်မှတ်ရောင်းချနေတာဖြစ်ပါတယ်။ ရန်ကုန်သင်္ကြန်မှာ မြို့နယ်ထွေအုပ် မဏ္ဍပ်တွေ အပါအ၀င် မဏ္ဍပ်ပေါင်း ၆၆ ခု ကို ခွင့်ပြုထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ရန်ကုန်မြို့တွင်းမှာ မြို့နယ်ထွေအုပ် မဏ္ဍပ် ၃၂ ခု၊ ပုဂ္ဂလိက မဏ္ဍပ် ၃၁ ခု၊ လမ်းလျှောက်သင်္ကြန် ၃ ခု တို့ကို ခွင့်ပြုထားတာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်က မဏ္ဍပ်ကြီး စပေါ်ငွေ သိန်း ၂၀၀၊ မဏ္ဍပ်အလတ်ဆိုရင် စပေါ်ငွေ သိန်း ၁၀၀ ပေးသွင်းရမှာ ဖြစ်ပြီး ရေခ၊ မြေခ၊ သန့်ရှင်းရေးခ၊ လမ်းတံတားကြေးတွေကိုပါ တစ်ခါတည်းပေးသွင်းရမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD