AD
AD
AD
play

 

အမြန်လမ်းမှာ အောင်ရတနာ ခရီးသည်တင်ကားနဲ့ သစ်တင်ကားတိုက်မိတာကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၁၂၃ အနီးမှာ ဧပြီလ ၉ ရက်မနက် ၁ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ သံဃာတော်တစ်ပါး သေဆုံးခဲ့တယ်လို့ ဗောဓိကုန်းမီးသတ်တပ်ဖွဲ့စခန်းက နေသိရပါတယ်။

play

 

နေပြည်တော်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ဦးဝေယံထက်မောင်းနှင်ပြီး ခရီးသည် ၁၅ ဦးပါဝင်တဲ့အောင်ရတနာ ခရီးသည်တင် ယာဉ်လိုင်းက ခရီးသည်တင်ယာဉ်က ရှေ့မှာမောင်းနှင်နေတဲ့ သစ်ခွဲသားတွေတင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဉ်ကို အရှိန်နဲ့ တိုက်မိခဲ့ပြီး ယာဉ်အကူနဲ့ သံဃာတော်တစ်ပါး သေဆုံးခဲ့ပြီးတော့ အသက် ၉ နှစ်ကနေ ၅၆ နှစ်အရွယ် ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ခရီးသည်ကားမောင်းသူ ဦးဝေယံထက်နဲ့ ထွက်းပြေးတိမ်းရှောင်သွားတဲ့ သစ်တင်ကားမောင်းသူတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ဗောဓိကုန်းအမြန်လမ်းရဲတပ်ဖွဲ့ စခန်းက သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD