AD
AD
AD
play

 

လာမယ့် သင်္ကြန်ကာလအတွင်းမှာ ခရီးသွားပြည်သူတွေ အဆင်ပြေပြေ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး အထူးရထားကို သင်္ကြန်ကာလအတွင်း ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

အထူးရထားကို ဧပြီလ ၁၀ ရက်၊ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ၊ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)နဲ့ ဧပြီလ ၁၈ ရက် တို့မှာ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မှ မန္တလေးက ထွက်ခွာမယ့် သင်္ကြန်အထူးရထားက ရန်ကုန်ဘူတာကြီးကနေ ညနေ ၄ နာရီမှာ ထွက်ခွာပြီး မန္တလေးမြို့ကို နောက်တစ်နေ့ မနက် ၆ နာရီ မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

play

 

မန္တလေး-ရန်ကုန်ကို ပြေးဆွဲမယ့် ရထားက မန္တလေးကနေ ညနေ ၆ နာရီ ၁၅ မိနစ်မှာ ထွက်ခွာပြီး ရန်ကုန်ကို နောက်တစ်နေ့ မနက် ၈ နာရီ ၂၀ မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

ရထားလက်မှတ်ခနှုန်းထားတွေကတော့ ခရီးစဉ်စဆုံး ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်၊ အထက်တန်းအိပ်စင် ၁၂၇၅၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပြီး အထက်တန်းဝယ်ယူချင်ရင် ၃ ရက်ကြိုနဲ့ ရိုးရိုးတန်းကို ၁ ရက်ကြိုတင် ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ရထားစီးနင်းသူတွေက ပုံမှန်ဆိုရင် ခရီးသည် ဦးရေ ၃၀၀၀ နဲ့ ၄၀၀၀ အကြား နေ့စဉ် စီးနင်းနေတာဖြစ်ပြီး နှစ်စဉ်သင်္ကြန်ကာလဆိုရင် ခရီးသည် ဦးရေ ၅၀၀၀ ကနေ ၈၀၀၀ ကြားရှိတယ်လို့ မြန်မာ့မီးရထားလုပ်ငန်းကနေ သိရပါတယ်။

Photos : JP Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD