AD
AD
AD
play

 

မြန်မာ MOU လုပ်သားတွေ တင်ဆောင်လာပြီး မဲဆောက်မြို့မှတဆင့် ဘန်ကောက်သို့ ထွက်ခွာလာတဲ့ မော်တော်ယာဉ်တစ်စီး ဧပြီလ ၉ ရက်နေ့ ည ၁၀နာရီလောက်မှာ မဲဆောက်တောင်ပေါ်လမ်းမှာ ကားဘီးပေါက်ပြီး ချောက်ထဲပြုတ်ကျလို့ ယာဉ်မောင်းအပါအ၀င်
နစ်ဦးသေဆုံးကာ အယောက်နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“လောလောဆယ် ကျွန်တော်တို့ဆီမှာ ရတဲ့စာရင်းတွေအရတော့ နှစ်ယောက်သေတယ်။ အယောက်နှစ်ဆယ်လောက်က ဒဏ်ရာရတယ်။ ကျွန်တော်တို့လက်ရှိမှာတော့ စာရင်းတွေကောက်နေတုန်းပါပဲ ”လို့ AAC အဖွဲ့ကအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

မြန်မာ MOU အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားကြီးလေးစင်းက ကျားမနှစ်စီးစီသီးသန့်ခွဲပြီး မဲဆောင်စစ်ဆေးရေးဂိတ်ကနေ ထွက်ခွာလာပြီး မကြာခင်မှာ ဘီးပွင့်ပြီး ချောက်ထဲပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

play

 

အဆိုပါအလုပ်သမားတွေက မြန်မာနိုင်ငံက Golden Royal Mandalay အလုပ်သမားအေဂျင်စီက ပို့ဆောင်လိုက်တဲ့ လုပ်သားတွေဖြစ်ပြီး လက်ရှိအချိန်မှာ အဆိုပါအလုပ်သမားအေဂျင်စီ တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာကို လိုက်လာနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ MOU လုပ်သားတွေ လိုက်ပါလာတဲ့ ကားတွေမတော်တဆဖြစ်ပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့ မနက် ၂ နာရီလောက်က တာခ့်ခရိုင်တောင်အဆင်းလမ်းမမှာ MOU လုပ်သားတွေကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့လို့ မြန်မာအလုပ်သမား ၂၀ ဦး မီးလောင်သေဆုံးခဲ့ပြီး သုံးသီးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလနေရပ် ပြန်လာသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၁၄ ဦးလိုက်ပါ လာတဲ့ မှန်လုံယာဉ်တစ်စီး ဧပြီ ၉ ရက် မနက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ သေဆုံးသူ မရှိခဲ့ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD