AD
AD
AD
play

 

ဒီနေ့ (ဧပြီလ ၁၀ ရက်) မနက် ၇ နာရီ ၃၀ မိနစ်လောက်က ထောက်ကြန့်မြို့ ရှောင်လမ်းမပေါ်မှာ ပဲခူး-ရန်ကုန်ပြေးဆွဲနေတဲ့ ဟိုင်းလပ်ယာဉ်နဲ့ ကုန်တင်ဒိုင်နာယာဉ်တို့ တိုက်မိခဲ့လို့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ လူသေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

play

 

"မီနီဘတ်စ်က လှည်းကူးဘက်ကနေ ထောက်ကြန့်လမ်းဆုံဘက်ကိုလာတယ်၊ ဟိုင်းလတ်က ထောက်ကြန့်ဘက်ကနေ ပဲခူးဘက်ကို သွားတယ်၊ သူက တိုက်ရော့ပြုတ်ပြီးတော့ မီနီဘတ်စ်ရဲ့ အရှေ့ခြမ်းကို တိုက်မိပြီး ပက်လက်လန်သွားတယ်"လို့ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ကူညီခဲ့တဲ့ ထောက်ကြန့်မြို့နယ် မီးသတ်ဦးစီးမှူးက ဓူဝံကို မီဒီယာကို ပြောပါတယ်။

play

 

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည် ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိန်းကလေးတစ်ဦးအပါအ၀င် ငါးဦးက နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

play

 

အခင်းဖြစ်ပွားတဲ့နေရာကို မြို့နယ် မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ သေဆုံးသူတွေကို အင်စိန်မြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photos : Township MSFSD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD