AD
AD
AD
play
မြောင်းမြမြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်။

 

ပြည်သူတွေအနေနဲ့ မိမိမဲဆန္ဒနယ်ထဲမှာ ဖြစ်ပျက်နေတာတွေကို သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြပိုင်ခွင့်ရှိပြီး အပြုသဘောနဲ့ဝေဖန်မှုတွေများများလုပ်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းက ဧရာတတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်တဲ့ မအူပင်မြို့နယ်က ဦးအောင်ကြည်မြင့်က ပညာရေးကဏ္ဍနဲ့ ဆက်စပ်ပြီး ဆွေးနွေးမှုတစ်ခု ဖြစ်တဲ့ ဆင်တိုင်ကျေးရွာအုပ်စု ရေကျော်ကျေးရွာထဲက မူလတန်းကျောင်းဆောက်လုပ်ပြီး စီးမှုအခြေနေနဲ့ပတ်သတ်ပြီး တင်ပြချက်နဲ့ ဆက်စပ်ပြီး အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပြည်သူတွေက တချို့တွေအနေနဲ့ ဘာမဆိုကန့်ကွက်မယ်ဆိုပြီး စိတ်ရှိတယ်၊ အဲဒါလည်းမကောင်းဘူး၊ ဝေဖန်တယ်ဆိုတာ အပြုသဘောနဲ့ ဝေဖန်ရမယ် ဒီလိုဟာမျိုးတွေဖြစ်ပြီဆိုရင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကိုပဲဖြစ်ဖြစ်၊ ၀န်ကြီးဌာနကိုပဲဖြစ်ဖြစ်၊ ၀န်ကြီးချုပ်တွေ ကိုပဲဖြစ်ဖြစ် တင်ပြရမယ်၊ ဘာတွေဖြစ်နေတာကို တင်ပြပိုင်ခွင့်ရှိတယ်။ ဒါဆူပူတာလည်းမဟုတ်ဘူး၊ ပြဿနာရှာတာလည်း မဟုတ်ဘူး”လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။

play

 

ဦးအောင်ကြည်မြင့်ရဲ့ ပညာရေးကဏ္ဍအတွက်ဆက်စပ်တင်ပြချုက်ဖြစ်တဲ့ ဆင်တိုင်ကျေးရွာအုပ်စု ရေကျော်ကျေးရွာထဲက မူလတန်းကျောင်း ဆောက်လုပ်ပြီး စီးမှုအခြေနေနဲ့ပတ်သတ်ပြီး ပြည်နယ်ပညာရေးတာဝန်ရှိသူတစ်ဦးက အဆိုပါကျောင်းတွေကိုတင်ဒါ စနစ်နဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ဆောက်လုပ်ခွင့်ပြုထားတာဖြစ်ပြီး နှစ်နှစ်အတွင်း ဆောက်လုပ်မှု ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒီရှင်းလင်းချက်အပေါ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ဒါသဘောတူညီချက်အတိုင်း ဆောင်ရွက်မှုမရှိတဲ့ ကုမ္ပဏီတွေကို စည်းမျဉ်းစည်းကမ်းအတိုင်အရေးယူဖို့ ပြောခဲ့ပြီး တိုင်းအတွင်းမှာလည်း အလားတူဖြစ်ရပ်မျိုးတွေရှိမရှိ စစ်ဆေးဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ဇန်န၀ါရီ ၁ ရက်မှာ နေပြည်တော်မှာ လူငယ်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးစကားဝိုင်း စတင်ပြုလုပ်ခဲ့ကာ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို နေပြည်တော်မှာ နှစ်ကြိမ်၊ ပင်လုံမြို့မှာ တစ်ကြိမ်၊ မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာမှာ တစ်ကြိမ်ပြုလုပ်ထားပြီး အခုအကြိမ်က ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ကျင်းပတာ ဖြစ်ပါတယ်။

Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD