AD
AD
AD
play

 

အစိုးရ​ဆေးရုံတွေမှာ ​ဆေးတွေ အလွယ်​တကူမရဘူးဆိုတာ မဖြစ်​နိုင်​​ဘူးလို့ ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာနပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာမြင့်​​ထွေးက ​ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး၊ ​မြောင်းမြမြို့နယ်​တွင်​ ဧပြီလ ၁၀ ရက်​ကပြုလုပ်​တဲ့ နိုင်​​ငံ​တော်​အတိုင်​ပင်​ခံ၏ ငြိမ်းချမ်း​ရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ပုသိမ်မြို့နယ်မှ ဒေါ်နမ့်ရီစိုင်းနာရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုနဲ့ ဆက်စပ်ပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။

"တော်​​တော်​များများရပါတယ်​။ မရဘူးဆိုတာ နည်းနည်းရှားပါးတဲ့ ကင်​ဆာ​ရောဂါ​ဆေး အဲဒါပဲ။ ဓာတ်​ခွဲခန်း​တွေမှာဆိုရင်​ အလကားနီးပါး​ပေးပါတယ်​။ လုံးဝ ပိုက်​ဆံမယူပါဘူး"လို့ ဒေါက်​တာမြင့်​​ထွေးက ပြောခဲ့တာပါ။

play

 

"ဆေးမရတာက​တော့ မဖြစ်​နိုင်​ပါဘူး။ ​တော်​​တော်​များများမှာ အလျှံပယ်​ပါ။ များလွန်းအားကြီးလို့ မသုံးနိုင်​တဲ့အတွက်​ Expired ​တောင်​ ဖြစ်​တဲ့​ဆေး​တွေ​တောင်​ ကျွန်​​တော်​တို့​တွေ့ရပါတယ်​။ ဒီနှစ်​မှာ​ဆေးဝယ်​တဲ့အထဲက ပိုက်​ဆံ​တွေ​တော်​​တော်​များများပိုပါတယ်​။ မရဘူးဆိုတာ​တော့ မရှိပါဘူး"လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဒီလိုပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ ပြည်​​ထောင်​စုအစိုးရကချထား​ပေးတဲ့ ဆေးတွေကို တိုင်းထဲကဆေးရုံတွေမှာ သေသေချာချာသုံးနေတာလားဆိုတာ ပြန်​လည်းဆန်းစစ်​ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

"ဝန်ကြီးအနေနဲ့ ပြည်သူလူထုရဲ့အသံကို နားထောင်သလို ကိုယ့်ရဲ့ဝန်ထမ်း၊ လုပ်ဖော်ကိုင်ဘက် အောက်ခြေ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသံကိုလည်း နားထောင်သင့်တယ်။ ပြည်သူတွေက ကျန်းမာရေးစနစ်ပေါ်မှာ တော်တော်ဝေဖန်နေကြတယ်။ မနေ့က ၀န်ကြီးဒီလို ပြောပြီးနောက်ပိုင်းမှာ ဆေးရုံတစ်ခုမှာ ပြဿနာတက်သွားတယ်။ လူနာကို ဆေးဝယ်ခိုင်းတော့ နင်တို့ဝန်ကြီးက ဆေးအလုံအလောက် ရှိတယ်ပြောထားတယ်၊ ဘာလို့ဝယ်ရမှာလဲဆိုပြီးပြောတော့ ဆရာဝန်တွေအတွက် လုပ်ရကိုင်ရ ခက်သွားတယ်" ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းမှာလိုအပ်တဲ့ ဆေးဝါတွေဝယ်ယူဖို့အတွက် တစ်နှစ်ကို ကျပ်ငွေ ၃၇၀ ဘီလီယံအထိ သုံးစွဲနေတယ်လို့ ဒေါက်တာမြင့်ထွေးက ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD