AD
AD
AD
play

 

လာမယ့် သင်္ကြန်ကာလအတွင်း မှုခင်းမဖြစ်ပွားစေဖို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်အင်အားရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ လုံခြုံရေး ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အနေနဲ့ ပွဲတော်မတိုင်ခင် အရက်ပုန်းဆိုင် ရောင်းချတာ၊ မူးယစ်ဆေးဝါးနဲ့ လိင်စိတ်ကြွဆေးတွေ မသုံးစွဲဖို့ စစ်ဆေးဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“သက်ဆိုင်ရာ ရေကစားမဏ္ဍပ်တွေ၊ ကုမ္ပဏီတွေကလည်း လုံခြုံရေးအတွက် Public Security တွေ ငှားရမ်းတာမျိုးရှိတယ်။ ဒီနှစ်မှာ လမ်းလျှောက် သင်္ကြန်လည်းရှိတော့ ရေကစားတဲ့ ပြည်သူတွေကို ခါးပိုက်နှိုက်တာတွေ ဘာတွေ ကြုံရနိုင်တယ်။ ဒါတွေကိုလည်း ရဲတပ်ဖွဲ့ က အရပ်ဝတ် အယောင်ဆောင်ပြီး ဖမ်းဆိးတာတွေ လုပ်မယ်"လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ဓူဝံမီဒီယာကို ပြောပါတယ်။

သင်္ကြန်ပွဲတော် ဆင်နွှဲကြမယ့် ပြည်သူတွေအနေနဲ့ သတိပြုရှောင်ကြည်ရမယ့် အချက်တွေကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က ထုတ်ပြန်ထားပြီး သင်္ကြန်ပွဲတော်အတွင်း အရက်သေစာ အလွန်အကျွံသောက်သုံးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကာမရာဂကို နိုးထစေတဲ့ ဆေးများ ရောင်းချဝယ်ယူခြင်း၊ မိန်းကလေးတွေ ဆွေမျိုးသားချင်း မဟုတ်သူတွေနဲ့ အတူလည်ပတ်ခြင်းစတဲ့ အချက်တွေကို သတိပေးထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလမှာ တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု (၃၅၇) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၃၉) ဦး၊ ဒဏ်ရာရသူ (၇၅၉) ဦးရှိခဲ့တာကြောင့် ယာဉ်မောင်းတွေအနေနဲ့ စည်းကမ်းတကျမောင်းနှင်ဖို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Photo : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD