AD
AD
AD
play

 

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ နဲ့ တရားရင်ဆိုင်နေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ပြစ်မှုဆိုင်ရာရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၅၂ အရ အမှုစွဲချက်မတင်ခင် လွှတ်ပေးဖို့တရားခံရှေ့နေတွေရဲ့ လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ (ဧပြီလ ၁၁ ရက်) မနက်ပိုင်းက ရန်ကုန်၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ၁၃ ကြိမ်မြောက်ရုံးထုတ်မှာ အဆိုပါ သတင်းထောက် နှစ်ဦးကို ချက်ချင်းလွှတ်ပေးဖို့ လျှောက်လဲခဲ့တာဖြစ်ပေမယ့် တရားခံရှေ့နေဘက်က အမှုစစ်ဆေးနေတဲ့အချိန်မှာ လိုပြသက်သေတွေ မစစ်ဘဲနဲ့ လွှတ်လို့ရတယ်ဆိုတဲ့ အချက်ကို ပြောဖို့ကျန်ခဲ့အတွက် တရားရှင်လွှတ်ဖို့ လျှောက်လဲချက်ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီအမှုအတွက် တရားလိုပြသက်သေ ၂၅ ဦးတင်သွင်းထားရာမှာ လက်ရှိအချိန်အထိ  ၁၇ ဦးကို စစ်ဆေးထားပြီး ဆက်လက်စစ်ဆေးဖို့  ရှစ်ဦးကျန်ရှိနေပါသေးပြီး နောက်ထပ်ရုံးချိန်းကို ဧပြီလ ၂၀ ရက်နေ့ကို ထပ်မံချိန်းဆို ထားတယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ နှစ်ဦးကို ရခိုင်ဒေသနဲ့ ပါတသ်တ်တဲ့ အရေးကြီးလုံခြုံရေးစာရွက်စာတမ်းတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ရန် ရည်ရွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ - ၃ နဲ့ အမှုဖွင့် စစ်ဆေးနေတာလည်းဖြစ်ပါတယ။်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD