AD
AD
AD
play
ဆုလက်ခံရယူနေသည့် ကိုသက်နောင်ဇော်(ဂျာကင်အဖြူ)။

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီလ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၃၉ ကြိမ်မြောက် နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲမှာ ပါဝင်ခဲ့တဲ့ ဆိုင်ကယ်စတန့်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမန္တလေးမြို့မှ မောင်သက်နောင်ဇော်က ပထမဆုရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မောင်သက်နောင်ဇော်က အငယ်တန်းအဆင့်မှာ ၀င်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်ပေါင်း ၂၀ ကျော်ဝင်ရောက်ကို ကျော်ဖြတ်ကာ ပထမဆုရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

အဆိုပါပြိုင်ပွဲမှာ အကြီးတန်းအဆင့်နဲ့ အငယ်တန်းအဆင့် ပြိုင်ပွဲတွေပါဝင်ခဲ့ကာ ပြိုင်ပွဲဝင် ၅၀ ကျော်ပါဝင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှ အကြီးတန်းအဆင့်ပြိုင်ပွဲဝင် တစ်ဦး၊ မြန်မာနိုင်ငံမှပြိုင်ပွဲဝင် တစ်ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ အငယ်တန်းအဆင့်မှာ ပြိုင်ပွဲဝင် ၂၀ ခန့် ပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

play

 

မောင်သက်နောင်ဇော်က မန္တလေးမြို့ အမရပူရမြို့နယ်မှာ နေထိုင်ပြီး ၂၀၁၅ ခုနှစ်က စပြီးဆိုင်ကယ် စတန့်ကစားခဲ့ကာ ဒီနှစ် ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံပတ္တယားမြို့မှာ ကျင်းပခဲ့တဲ့ စတန့်ပြိုင်ပွဲတစ်ခုကိုလည်း မိတ္ထီလာမြို့နယ်က ကိုဟန်လင်းအောင်နဲ့အတူ သွားရောက်ယှဉ်ပြိုင်ခဲ့ဘူးသူ ဖြစ်ပါတယ်။

Source : The Voice

Photos : Thet Naung Zaw Faceboook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD