AD
AD
AD

play

 

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုတွေ လျော့ကျစေဖို့ ရေကစားမဏ္ဍပ်တွေအပြင် မဏ္ဍပ်နဲ့ အနီးတစ်ဝိုက်မှာ ယာဉ်ကြောပိတ်ဆို့မှု မရှိစေဖို့နဲ့ အရေးပေါ်အခြေအနေတွေမှာ ချက်ချင်းဆောင်ရွက်နိုင်ဖို့ ယာဉ်ထိန်းရဲအင်အား တစ်ထောင်ကျော်ချထားမယ်လို့ သိရပါတယ်။

“ဆေးရုံတွေမှာလည်း တာဝန်ချထားမယ်။ မတော်တဆမှုနဲ့ ပတ်သက်လာရင် ချက်ချင်းဆောင်ရွက်နိုင်ဖို့ပါ။ မဏ္ဍပ်ရဲ့ မလှမ်းမကမ်းတွေမှာ လမ်းကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့က အလေးထား ဆောင်ရွက်မှာပါ" လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးသိန်းဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

သင်္ကြန်ပွဲတော်မှာ ရေကစားမဏ္ဍပ်တွေရှိတဲ့နေရာမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ချထားသလို ရေကစားမဏ္ဍပ်တွေ တစ်ခုနဲ့ တစ်ခုအကြားမှာ မောင်းနှင်နေတဲ့ ယာဉ်တွေမှာ မတော်တဆပိုမိုဖြစ်ပွားနိုင်တာကြောင့် ထိန်းသိမ်းနိုင်ဖို့ မီးပွိုင့်တွေမှာလည်း ယာဉ်ထိန်းရဲတွေ ချထားဆောင်ရွက်မယ်လို့ ဆိုပါတယ်။

play

 

ဒါ့အပြင် ပွဲတော်ကာလအတွင်း ယာဉ်ပိတ်ဆို့မှု မရှိအောင် လမ်းပိတ်ဆို့နေတဲ့ ယာဉ်တွေကို သယ်ယူနိုင်အောင် ဆက်တင်ယာဉ် တွေကို ရန်ကုန်မြို့တွင်း နေရာ(၈) နေရာမှာချထားမှာဖြစ်ကာ လေဆိပ်လမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်လမ်းဆုံ၊ ကမ္ဘာအေးပါရမီ ချော်တွင်းကုန်းလမ်းဆုံ၊ ကုက္ကိုင်းလမ်းဆုံ၊ ဦးထောင်ဘိုအ၀ိုင်း၊မြို့တော်ခန်းမရှေ့၊ ကန်ပက်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်တို့မှာ ချထားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယာဉ်မတော်တဆမှု ၅၅ မှု ဖြစ်ပွားပြီး သေဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦး ရှိခဲ့ပြီး ရေပက်ကစားမှုကြောင့် ဖြစ်ပွားးတဲ့ ယာဉ်တိုက်မှုက (၃) မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်သင်္ကြန်ကာလမှာ တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု (၃၅၇) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၃၉) ဦး၊ ဒဏ်ရာရသူ (၇၅၉) ဦးရှိခဲ့လို့ ယာဉ်မောင်းတွေအနေနဲ့ စည်းကမ်းတကျမောင်းနှင်ဖို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD