AD
AD
AD
play

 

မြောင်းမြမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောကြားခဲ့တဲ့ ဆေးရုံတွေမှာ ဆေးတွေပိုနေတယ်ဆိုတဲ့ ပြောကြားချက်အပေါ်ကို ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက သူ့ရဲ့ လူမှုစာမျက်နှာကတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဝန်ကြီးက “ကျွန်တော့်ဖြေကြားချက်များအပေါ် မနှစ်သက်သည့် သဘောထားမှတ်ချက်များ လူမှုကွန်ယက်တွင်တက်လာသည်ကို တွေ့ရကြောင်း ကျွန်တော်၏ ၀န်ထမ်းများက ပြောပြခဲ့ပါသည်။ ထို့အတွက် ကျွန်တော်တို့၏ လေးစားကြည်ညိုရပါသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်းအတွင်း ကျွန်တော်၏ဖြေကြားချက်များကို ပြန်လည်နားထောင် သုံးသပ်ခဲ့ပါသည်။ ကျွန်တော်၏ ဖြေကြားချက်များသည် ပြည့်စုံမှုမရှိခြင်း၊ တိတိကျကျမရှိခြင်းများကို တွေ့ရှိပြီး ကျွန်တော်ကိုယ်တိုင်လည်း အပြည့်အ၀ နှစ်သက်ကျေနပ်မှုမရှိပါ။ ဖြေကြားချက်အပေါ် ပြည်သူများနှင့် ၀န်ထမ်းအချို့ စိတ်အနှောင့်အယှက်မကြေလည်မှုများ ဖြစ်ခဲ့ရသည်ရှိသော် ကျွန်တော်၏ ဖြေကြားမှုလိုအပ်ချက်၊ အားနည်းချက်ကြောင့်သာဖြစ်ပါသည်"လို့ ကြေငြာထားပါတယ်။

play

 

ဧရာဝတီတိုင်း​ဒေသကြီး၊ ​မြောင်းမြမြို့နယ်​တွင်​ ဧပြီလ ၁၀ ရက်​ကပြုလုပ်​တဲ့ နိုင်​​ငံ​တော်​အတိုင်​ပင်​ခံ၏ ငြိမ်းချမ်း​ရေးစကားဝိုင်းမှာ ပါဝင် ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ပုသိမ်မြို့နယ်မှ ဒေါ်နမ့်ရီစိုင်းနာရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုနဲ့ ဆက်စပ်ပြီး ဒေါက်တာမြင့်ထွေးက အစိုးရဆေးရုံတွေမှာ ဆေးတွေ အလွယ်တကူမရဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD