AD
AD
AD

play

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို ဒီကနေ့ မနက်ပိုင်းက နိုင်ငံတော် သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုတွေ့ဆုံတာက ဦးဝင်းမြင့်နိုင်ငံတော်သမ္မတသစ်အဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း အစိုးရကဖွဲ့စည်းထားတဲ့ ကော်မရှင်တစ်ခုနဲ့ ပထမဆုံး တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ သန့်ရှင်းတဲ့အစိုးရဖြစ်စေဖို့ အဂတိတရားကင်းရှင်းဖို့ လိုအပ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိစေဖို့ အဂတိလိုက်စားမှုကော်မရှင်အနေနဲ့ လုပ်ငန်းတွေကို တိတိကျကျလုပ်ဆောင်ဖို့လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

play

 

ကော်မရှင်အနေနဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရာမှာ လုပ်ပိုင်ခွင် အာဏာရှိသူတွေကို ၀င်ရောက်စွက်ဖက်မှုတွေ၊ စွပ်စွဲခံရသူဘက်က အကာအကွယ်ပေးမှုရှိရင် ပွင့်ပွင့်လင်းလင်း တင်ပြစေလိုပြီး ၊ ကော်မရှင်ဖွဲ့စည်းရာမှာ ဖြစ်နိုင်ချေရှိတဲ့ အနေအထားကို တိုးချဲ့ ဆောင်ရွက်စေချင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော်မရှင်အနေနဲ့ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ညွှန်ကြားခဲ့ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကလည်း ကော်မရှင်ရဲ့ လက်ရှိဆောင်ရွက်နေတာတွေ၊ ရှေ့ ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတသစ်အဖြစ်တာဝန်စယူပြီး မိန့်ခွန်းပြောကြားရာမှာ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရမယ်လို့လည်း ပြောထားသူဖြစ်ပါတယ်။

Photos : President Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD