AD
AD
AD
play

 

သင်္ကြန်ကာလအတွင်း နယ်ဝေးပြန်တဲ့သူတွေက အဝေးပြေးကားလက်မှတ်တွေကို ပုံမှန်ဈေးထက် နှစ်ဆနီးပါးပေးပြီးဝယ်သူနေရတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။

သင်္ကြန်ကာလမှာ အဝေးပြေးကားလက်မှတ်ခတွေဈေးတင်ရောင်းချရင် အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) က ကြေညာထားပေမယ့် ပုံမှန်ဈေးနှုန်းထက် ဈေးတင်ရောင်းချနေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

အဝေးပြေးကားလက်မှတ်ခတွေက တချို့ကားဂိတ်တွေမှာ နှစ်ဆနီးပါးမြင့်တက်သွားပြီး တချို့ကားဂိတ်တွေမှာတော့ ထောင်ဂဏန်း ပတ်ဝန်းကျင်လောက်ပဲ ဈေးပိုယူထားတယ်လို့ ပြည်မြို့ကို သွားမယ့် ခရီးသည်တစ်ဦးက ပြောပါတယ်။

play

 

ဒီလိုဈေးတင်ရောင်းချနေတာတွေကို ကြားပွဲစားတွေက ပြုလုပ်တာမဟုတ်ဘဲ ကားဂိတ်တွေကိုယ်တိုင်က ဈေးတင်ရောင်းချနေတာလို့ လက်မှတ်သွားရောက်ဝယ်ယူခဲ့တဲ့ ခရီးသည်တွေက ပြောပါတယ်။

"ပုံမှန် ၄၅၀၀ ခရီးကို ရှစ်ထောင်ပေးလိုက်ရတယ်၊ လက်မှတ်မှာတော့ ၄၅၀၀ ပဲရေးထားတယ်၊ ကိုယ်ကသွားချင်တော့လည်း မတတ်နိုင်ဘူးပေါ့၊ ဈေးပိုရောင်းရင် အရေးယူမယ်ဆိုတာလည်း ကြေညာချက်ပဲရှိတယ်"လို့ သင်္ကြန်တွင်း ပြည်မြို့ကို အလည်ပြန်မယ့် ကိုရဲရင့်ကိုက ပြောပါတယ်။

အဝေးပြေးကားလက်မှတ်ခတွေ သတ်မှတ်နှုန်းထက် ဈေးပိုရောင်းချရင် အရေးယူမယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ကြေညာထားပေမယ့် လက်ရှိအချိန်အထိ တရားဝင် ဆက်သွယ်တိုင်ကြားသူမရှိသေးဘူးလို့ စားသုံးသူရေးရာ ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD