AD
AD
AD
play

 

တရားသူကြီးတွေအနေနဲ့ တရားခွင်တွေမှာ ဥပဒေလုပ်ထုံးလုပ်နဲ့အညီ တိတိကျကျမြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဧပြီလ ၁၁ ရက်က နိုင်ငံတော်သမ္မတအိမ်တော်မှာ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ်တွေနဲ့ တွေ့ဆုံရာမှာ အခုလိုပြောကြားခဲ့တာလို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတက တရားရေးဆိုင်ရာ ၀န်ထမ်းတွေကို အမှန်တကယ်အရည်အချင်းရှိသူတွေနဲ့ တရားရေးမဏ္ဍိုင်ကို တည့်မတ်ပေးနိုင်သူတွေကို ဦးစားပေးခန့်အပ်ရမှာ ဖြစ်ပြီး တရားသူကြီးချုပ်က တစ်နိုင်ငံလုံးရဲ့တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေးကို ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဆက်လက်ပြီး နိုင်ငံတော်သမ္မတက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေးကို စဉ်းစားဆောင်ရွက်စေလိုကြောင်း၊ အဆင့်ဆင့် တာဝန်ယူ တာဝန်ခံစနစ်နဲ့ ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာကိုဆုံးရှုံးစေတဲ့ သက်သေခံ ပစ္စည်းတွေကို ကြပ်မတ်ပေးရမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကင်းရှင်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံခြားရင်းနှီမြှပ်နှံတွေ ပိုမို ၀င်ရောက်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

တရားသူကြီးချုပ်က လက်ရှိတရားရုံးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ တရားစီရင်ရေးကိစ္စ၊ ၀န်ထမ်းဖွဲ့စည်းပုံစံတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်ပြီးနောက် အဂတိုက်လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်၊ တရားလွှတ်တော်ချုပ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

Photos : President Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD