AD
AD
AD
play
မြ၀တီမြို့တွင် သိမ်းဆည်းထားသည့် လိုင်စင်မဲ့ကားများ။

 

မြန်မာ-ထိုင်းနယ်စပ်မြဝတီနဲ့ ဘားအံမြို့တွေကနေ ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကား အစီးရေ(၂၀၀)ကျော်ခန့်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံ အပ်နှံသွားမှာဖြစ်ပြီး အဆိုပါဌာနကနေ ၀န်ကြီးဌာနေတွေကို ပြန်လည်ခွဲဝေးပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါလိုင်စင်မဲ့ကားတွေကို ကရင်ပြည်နယ်မြဝတီမြို့သောင်ရင်းမြစ်နားက (၁၃)ဂိတ်ကားဝင်းနဲ့ ဘားအံမြို့တို့ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ အပ်နှံသွားမှာ ဖြစ်ပါတယ်။

play

 

မြ၀တီမြို့က မြန်မာနိုင်ငံထဲကို လိုင်စင်မဲ့ကားတွေတင်သွင်းတဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံက တစ်ပတ်ရစ်နဲ့ ကားအသစ်တွေကို အများဆုံးတင်သွင်းနေတာ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တပ်နယ် ၃ ကရင်နယ်ခြားစောင့်တပ်ပိုင်ဆိုင်တဲ့ ၁၃ ဂိတ်ကားဝင်းကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လိုင်စင်မဲ့ယာဉ်တွေကို လာရောက်စစ်ဆေးခဲ့ပြီး တင်းမာမှုဖြစ်ပွားခဲ့ကာ နယ်ခြားစောင့်တပ်ဘက်က လိုင်စင်မဲ့ကား ၁၀၀ ကျော်ကို တပ်မတော်နှင့် ရဲတပ် ဖွဲ့တို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD