AD
AD
AD
play

 

ဒီနေ့(ဧပြီလ (၁၅)ရက်နေ့) မနက် ၄)နာရီ၊ ၅၈ မိနစ် လောက်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၁၉) မိုင်ခန့်အကွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးပတ်ဝန်းကျင်ကို ဗဟိုပြုပြီး  အနက်(၁၃)ကီလိုမီတာလောက်မှာ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

play
ငလျင်လှုပ်ခတ်သွားသည့်နေရာကို တွေ့ရစဉ်။

 

အဆိုပါငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကို ရန်ကုန်-ပုသိမ် လမ်းမကြီးပတ်ဝန်းကျင် လှိုင်သာယာ၊ ထန်းတပင်နဲ့ ရွှေလင်ပန်း စက်မှုဇုန် အနီးတဝိုက်မှာ သိသိသာသာခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘူးလို့ လှိုင်သာယာမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD