AD
AD
AD
play

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မဟာသင်္ကြန် အကျနေ့ ညနေပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်အနီး တိုက်ချီတိုတို့ ရေကစား မဏ္ဍပ်မှာ မဟာသင်္ကြန်ရေသဘင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ပါတယ်။

play

 

အဆိုပါ ရေကစားမဏ္ဍပ်မှာ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ချိုချို၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ဇနီး ဒေါက်တာရွှေလွှမ်းတို့လည်း လာရောက်ရေကစားခဲ့ကြပါတယ်။

play

 

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌရဲ့ ဇနီး ဒေါ်ခင်လေးသက်၊ ပြည်ထောင်စု ဝန်ကြီးတွေရဲ့ဇနီးများ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌနဲ့ တာဝန်ရှိ သူတွေလည်း ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

Source : State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD