AD
AD
AD
play

 

 ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမှာ အုန်းလက်ရေကစားမဏ္ဍပ်တစ်ခုကို ရေပက်ခံကားက၀င်တိုက်ခဲ့လို့ မီးသတ်တပ်ဖွဲ့ဝင်လေးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကမ်းနားလမ်းအတိုင်း ပန်းပင်ကြီးလမ်းဘက်ကနေ နတ်စင်လမ်းဘက်ကိုမောင်းနှင်လာတဲ့ ရေပက်ခံကား ကန်တာယာဉ်တစ်စီးက လှည်းတန်းလမ်းထိပ်အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ အုန်းလက်မဏ္ဍပ်ဘေးမှာ ထိုင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကိုဝင်တိုက်မိခဲ့ပြီး နောက်က အုတ်နံရံကိုတိုက်မိကာ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့က နန်းလင်းအောင်(၂၅)နှစ်၊ သန်းထိုက်(၃၇)နှစ်၊ မျိုးမင်းသူ(၂၇)နှစ်၊ မျိုးကိုကို(၁၉)နှစ်၊ ကောင်းခန့်(၁၉)နှစ်နဲ့ ကားပေါ်မှာပါလာသူတစ်ဦးတို့ ဒဏ်ရာရှိခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရရာသူတွေထဲက တပ်သားကောင်းခန့်က ဧပြီလ ၁၄ ရက်နေ့မှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ကာ ကန်တာယာဉ်မောင်းဖြစ်သူ ဌေးလင်းအောင်ကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

၂၁၀၈ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့က ယာဉ်မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး ရန်ကု န်ဆေးရုံကြီးအရေးပေါ်ဌာနကို တက်ရောက်ကုသတဲ့ လူနာ ၁၅၉ ဦးရှိခဲ့တယ်လို့ ရန်ကုန်ဆေးရုံးကြီးကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD