AD
AD
AD
play

 

မဟာသင်္ကြန်အကျနေ့မှာ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို ထိခိုက်ဒဏ်ရာရရှိသူ ၁၇၇ ဦးရောက်ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ ရောက်ရှိလာသူတွေထဲမှာ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၇၇ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုနဲ့ မတော်တဆမှုကြောင့် ရောက်ရှိလာသူ ၁၀၀ ဦးရှိတယ်လို့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကနေ သိရပါတယ်။

၂၁၀၈ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့က ယာဉ်မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို တက်ရောက်ကုသတဲ့ လူနာ ၁၅၉ ဦးရှိခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီးကနေ သိရပါတယ်။

အဆိုပါပမာဏတွေက ရန်ကုန်ဆေးရုံကြီးတစ်ခုတည်းကနေ သိရတဲ့စာရင်းဖြစ်ပြီး ကျန်ရှိတဲ့ ရန်ကုန်တိုင်းထဲကဆေးရုံတွေ မပါဝင်သေးပါဘူး။

play

 

မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ ၂၀၁၇ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြစ်မှုဖြစ်စဉ်ပေါင်း ၁၂၀၀ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၂၈၅ ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်သင်္ကြန်ကာလမှာ တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု (၃၅၇) မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၃၉) ဦး၊ ဒဏ်ရာရသူ (၇၅၉) ဦးရှိခဲ့တာကြောင့် ယာဉ်မောင်းတွေအနေနဲ့ စည်းကမ်းတကျမောင်းနှင်ဖို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD