AD
AD
AD
play

 

သင်္ကြန်တွင်းမှာ ယမ်းမပါတဲ့ ကျည်ဆံထိပ်ဖူး(၁၅)တောင့်ကို သံကွင်းတွေနဲ့ချိတ်ဆက်ပြီး လက်ကောက်ပုံသဏ္ဍန် ဝင်ဆင်အသုံးပြုသူတစ်ဦးကို စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်ရှိ MBA LASVEGAS ရေကစားမဏ္ဍပ်မှာ ပြင်ဦးလွင်မြို့နယ်၊ ဖောင်းတောရွာနေ ကျော်ကျော်ဝင်း(၄၅)နှစ်ရဲ့ ဘယ်လက်ကောက်ဝတ်မှာ သံကွင်းတွေနဲ့ ချိတ်ဆက်ပြီး လက်ကောက်ပုံသဏ္ဍာန်ဝတ်ဆင်ထားတဲ့ အသုံးပြုပြီး ယမ်းမပါကျည်ဆန် ၁၅ တောင့် (ထိပ်ဖူးပါ)၊ ဘောင်းဘီခါးပတ်နဲ့တွဲလျက် အသုံးပြုပြီး ယမ်းမပါ ကျည်ဆန် ၅ တောင့်(ထိပ်ဖူးပါ) တို့ကို စစ်ဆေးတွေရှိခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကျော်ကျော်ဝင်းကို အောင်မြေသာစံမြို့မရဲစခန်းမှာ အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့ (ဧပြီလ ၁၄) ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်မှာ ပြောက်ကျားစတစ်ကာ ကပ်ထားတဲ့ ဂျစ်ကား ၃ စီးကို စစ်ဆေးခဲ့ရာမှာ အမျိုးသား ၁၅ ယောက်က ဓာတ်ငွေ့ကာမျက်နှာဖုံးလိုတွေကို ဝတ်ဆင်ပြီး မြန်မာနိုင်ငံအလံပုံကို လက်မောင်းတွေမှာ တပ်ဆင်ထားတာကို တွေ့ရလို့  ရဲတပ်ဖွဲ့က ပစ္စည်းတွေကို သိမ်းဆည်းပြီး နေရပ်တွေကို ပို့ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD