AD
AD
AD
play

 

မနက်ဖြန် ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုင်းပြည်သို့ မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။ ဒီလိုမိန့်ခွန်းပြောကြားတာက မတ် ၃၀ ရက်က နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိမ်ဆိုပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောကြားခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ်ပြောကြားမှာ ဖြစ်ပါတယ်။

နှစ်ဆန်းတရက်နေ့မိန့်ခွန်းမှာ အဂတိလိုက်စားမှုနဲ့ တရားစီရင်ရေးယိမ်းယိုင်နေမှုကို မည်သို့မည်ပုံ ကိုင်တွယ်သွားမယ်ဆိုတာတွေကို အသေးစိတ် ပြောကြားမယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးရဲ့ပြောကြားချက်အရသိရပါတယ်။

play

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့နှစ်ဆန်းတရက်နေ့မိန့်ခွန်းမှာ တိုင်းပြည်စီးပွားရေး တိုးတက်လာစေဖို့ လာမယ့် သုံးနှစ်အတွင်း ချမှတ် ဆောင်ရွက်သွားမယ့် လမ်းစဉ်နဲ့ မူဝါဒတွေ၊ လုပ်ကိုင်ဆောင်ရွက်မယ့် ကိစ္စရပ်တွေကိုလည်း ထည့်သွင်းပြောကြားသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် သမ္မတတာဝန်ယူပြီးနောက်ပိုင်း ဧပြီ ၁၁ ရက်မနက်ပိုင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည် ဦးဆောင်တဲ့အဖွဲ့ကို တွေ့ဆုံပြီး အကျင့်ပျက်လာဘ်စားမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့သလို မွန်းလွဲပိုင်းမှာလည်း ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။

Photos : President Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD