AD
AD
AD
play

 

နာကျင်စေမှု၊ အဓမ္မပြုကျင့်မှု အပါအ၀င် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော်အစ္စဏီရဲ့အမှုကို ကျေအေးပေးဖို့ သူ့ရဲ့ မိသားစုက တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

အဆိုတော်အစ္စဏီရဲ့ မိသားစုက မော်ဒယ်စူးရှထက်ကို ဖုန်းကတစ်ဆင့် ပြောဆိုမှုတွေရှိနေပြီး လူမှုကွန်ရက်တွေမှာ ပျံ့နှံနေတဲ့ စခရင်(မ်)ရှော့တွေက အလုံးစုံ မဟုတ်မမှန်ကြောင်းနဲ့ အပြည့်အစုံကိုတရားလိုဘက်ကနေ ဖြေရှင်းသွားမယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ဖေ့ဘုတ်က စခရင်(မ်) ရှော့တွေနဲ့ ပတ်သက်ပြီး တရားခံနဲ့ အသိုင်းအ၀ိုင်းက လုပ်နေတာဖြစ်ပါတယ်။ကလေးမလေးမှာ အထောက်အထား အပြည့်အစုံရှိပါတယ်။ ဒီအမှုကို ကျနော် ဦးဆောင်ပြီး ဘုတ်အဖွဲ့ ထားထားတယ်။ နောက်ပြီးတော့ အမျိုးသမီး တရားလွှတ်တော်ရှေ့နေ တစ်ဦးလည်းပါဝင်ပြီး ဒီအမှုကို လိုက်ပါဆောင်ရွက်မှာ ဖြစ်တယ်။ အမှုမှန်ပေါ်ပေါက်ရေး ကျူးလွန်တဲ့ ပြစ်မှုပြစ်ဒဏ် မျှတရေး ဆောင်ရွက်သွားမှာပါ” လို့ ဦးရောဘတ်စန်းအောင်က ဓူဝံမီဒီယာကို ပြောပါတယ်။

ဧပြီလ ၁၂ ရက်မှာ အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါင်္တွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားထားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ အမှုစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD