AD
AD
AD
play

 

ပြည်တွင်းက အကျဉ်းထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ချခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၈၄၉၀ ဦးကို နိုင်ငံတော်သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်၊ ၁၇ /၂၀၁၈ ၁၃၈၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၃ ရက် (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်သည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံခြားသားအကျဉ်းသား/သူ (၅၁) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့လည်း နောက်ဆက်တွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD