AD
AD
AD
play

 

အစိုးရ ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတော် သမ္မတသစ် ဦးဝင်းမြင့်က ဒီကနေ့ မနက်ပိုင်းမှာပြောကြားတဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ အမှုထမ်းလစာတွေ အားလုံးကို (၂၀) ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာတွေကိုတော့(၁၀) ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်လို့ဆိုပါတယ်။

ဒီလိုတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာက ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ် အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာက ၅၀၀၀၀၀ ကျပ်ကနေ ၅၅၀၀၀၀ ကျပ်အထိ တိုးမြှင့်သွားပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေအတွက် အခုလို စီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ဝန်ထမ်းတွေကလည်း တာဝန်ယူမှု နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD