AD
AD
AD
play

 

နိုင်ငံရေးသမားတွေကို ရည်ရွယ်ချက်ရှိရှိခြိမ်းခြောက်နိုင်ပြီး ကြွေးကျန်နဲ့ထောင်ချလို့ရတဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။

ဧပြီလ ၁၇ ရက်မနက်ပိုင်းကထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ်၊ ၁၈ /၂၀၁၈ ၁၃၈၀ ပြည့်နှစ်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်မှာ အခုလိုထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် အမိန့်များထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာတွင် ယင်းတို့၏ လူမူအခွင့်အရေးကို ငဲ့ညာသောအားဖြင့် အဆိုပါ အမိန့်များပါ သတ်မှတ်ထားခဲ့သော စည်းကမ်းချက်များကို ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ပယ်ဖျက်လိုက်သည်”အဆိုပါ အမိန့်ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းက ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) နဲ့ ညိစွန်းနေတာဖြစ်ပြီး ဒီနေ့မှာ AAPP စာရင်းဝင် နိုင်ကျဉ်း ၃၆ ဦးနဲ့ နိုင်ငံသားအကျဉ်းသူ ၁ ဦး ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD