AD
AD
AD
play
ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းတစ်ခုကို တွေ့ရစဉ်။

 

ကပ္ပလီပင်လယ်ပြင်ကနေ ရွှေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင်တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ နောက်ရက်အနည်းငယ်အတွင်း အချိန်အခါမဟုတ်မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီလ ၂၆ ရက်ကနေ ၃၀ ရက်နေ့အတွင်း နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

"ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေပွေလှိုင်းလေးတစ်ခုဖြစ်နေတယ်၊ အဲဒီလေပွေလှိုင်းက အထက်ကိုတက်လာဖို့ရှိတော့ မွန်၊ တနင်္သာရီကမ်းရုံးတလျောက်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းအထိ မိုးရွာနိုင်တဲ့အနေအထားရှိတယ် ဒီလေပွလှိုင်းက လေဖိအားနည်းရပ်ဝန်ဖြစ်သွားနိုင်တဲ့အနေအထားရှိနေတယ်"လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

နေ့အပူချိန်တိုးလာတာနဲ့ မိုးတိမ်တောင်တွေကြောင့် ရန်ကုန်မြို့မှာ ဧပြီလ ၂၇ ရက်နေ့နဲ့ ၂၈ ရက် ညနေပိုင်း မိုးရွာနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောဆိုခဲ့ပြီး လေပြင်းအန္တရာယ်ကိုလည်း သတိပြုဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

ကပ္ပလီပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံမိုးသက်လေပြင်းတွေကျရောက်ပြီး ရေပြင်၊ မြေပြင်လေက တစ်နာရီကို (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD