AD
AD
AD
play

 

ဧပြီလ၂၀ နောက်ပိုင်းကနေစတင်ပြီး မြန်မာနိုင်ငံမှာဗဟိုပြုကာ ငလျင်ငါးရက်ဆက်တိုက်လှုပ်ခဲ့တာကြောင့် အားပြင်းငလျင်လှုပ်ခတ်မှာကို စိုးရိမ်ကြောင်းနဲ့ သတိပြုနေထိုင်သင့်တယ်လို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။

ဧပြီလ ၂၀ ရက်နေ ၂၄ ရက်အထိအင်အားအသင့်အတင်နဲ့ အနည်းငယ်အဆင့်ငလျင်ငါးရက်ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးတော့ ပဲခူးတိုင်းဒေသကြီးဖြူးမြို့အနီးမှာ ရစ်ချက်စတာစကေး ၄ ဒသမ ၁ ကနေ၅ ဒသမ ၂ အတွင်းငါးကြိမ်လှုပ်ခတ်ခဲ့ပြီးစစ်ကိုင်းတိုင်းထမံသီနဲ့ ကလေးဝမြို့နားမှာ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။

"အခုရက်ပိုင်းအတွင်း အကြိမ်အရေအတွက်များလာတယ်။ ဇန်န၀ါရီလတုန်းကလည်း ပြင်းအား ၆ ဒသမ ၀ နဲ့ လှုပ်ထားတယ်။ အဲ့ဒါအနားက နောက်ဆက်တွဲဖြစ်တယ်။ဖြူးအနားမှာလည်းများတယ်။ နောက်ပြီး ဖြူးအနီးတ၀ိုက်မှာတော့ တခြားနေရာတွေထက် ပိုများတာကိုတွေ့ရတယ် ။ ငလျင်ဆိုတာကတော့ ခန့်မှန်းလို့ မရတော့ဒါနဲပပါတ်သတ်ပြီး တိတိကျကျခန့်မှန်းလို့ မရဘူး" လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနခွဲက လက်ထောင်ညွှန်ကြားရေးမှုး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

ဒါ့အပြင် အစိုးရက တရားဝင်ထုတ်ပြန်တာကိုယုံကြည်ပြီး ဘယ်နေရာမှာ အင်အားပြင်းငလျင်လှုပ်တယ်ဆိုတာ ကောလဟာလတွေ ထွက်တာတွေရှိနေလို့ အစိုးရက ထုတ်ပြန်တဲ့သတင်းတွေကိုပဲ ယုံကြည်သင့်ပြီး နောက်ဆက်တွဲငလျင်တွေဆက်တိုက်လှုပ်နေတာကြောင့် သတိပြုနေထိုင်သင့်တယ်လို့ ဒေါက်တာယဉ်မျိုးမင်းထွေးက ဆိုပါတယ်။

၂၀၁၈ ခုနစ်ပထမလေးလအတွင်း မြန်မာနိုင်ငံမှာစုစုပေါင်းငလျင် ၅၈ ကြိမ်လှုပ်ခတ်ခဲ့ပြီး အားအနည်းငယ်ရှိ ငလျင်(၅၂)ကြိမ် အားအသင့် အတင့်ရှိ ငလျင် (၄)ကြိမ် လှုပ်ခတ်ထားတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောထားပါတယ်။

Photo : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD