AD
AD
AD
play

 

ကျိုက်ထီးရိုး Cable Car နဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အာမခံကိစ္စနဲ့ အခြားစွပ်စွဲချက်တွေက မှန်ကန်ခြင်းမရှိဘူးလို့ Sky Asia ကုမ္ပဏီတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၂၄ ရက်နေ့က ကျိုက်ထိုမြို့ ရသေ့တောင်စခန်း ကျိုက်ထီးရိုးကေဘယ်ကားရုံးခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တာဝန်ရှိသူတွေက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကေဘယ်ကား နည်းပညာအကူအညီရယူခဲ့တဲ့ ပြင်သစ်နိုင်ငံအခြေစိုက် POMA ကေဘယ်ကား ကုမ္ပဏီက နှစ်ပေါင်း ၁၀၀ ခန့်သက်တမ်းရှိပြီး ဒီနေ့အထိ ထိခိုက်တစ်စုံတစ်ရာမရှိဘဲ ကမ္ဘာမှာအောင်မြင်တဲ့ ကေလ်ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တယ်လိုှု့Sky Asia ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်သန်းက ကေဘယ်လ်ကားတွေက လုံခြုံစိတ်ချမှုမရှိဘူးဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးရှင်းလင်းခဲ့ပါတယ်။

play

 

“ကေဘယ်လ်ကားလုံခြုံမှုရှိ၊မရှိကို စစ်ဆေးဖို့ မြန်မာနိုင်ငံမှာ မရှိတာကြောင့် ကိုးရီးယားအစိုးရ Korea Transportation Safety Authority ဌာနကိုတင်ပြပြီး အသိအမှတ်ပြုလက်မှတ်လည်း ရထားပါတယ်။ ပြင်သစ်နိုင်ငံ POMA Cable Car ကုမ္ပဏီရဲ့ တရားဝင် အသိအမှတ်ပြုလက်မှတ်လည်းရထားပြီးပါပြီ” လို့ ဦးအောင်သန်းက ပြောပါတယ်။

Sky Asia ကုမ္ပဏီအနေနဲ့ ကေဘယ်ကားစီးနင်းသူတွေအတွက် အာမခံထားရှိဖို့ ကေဘယ်လကားစတင်မပြေးဆွဲမီအချိန်တည်းက IKBZ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားပြီး မတ်လမှာ အသက်အာမခံစာချုပ်ချုပ်ဆိုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

  ကျိုက်ထီးရိုးကေဘယ်(လ်)ကားစီမံကိန်းကို ပြင်သစ်နိုင်ငံအခြေစိုက် POMA Cable Car ကုမ္ပဏီရဲ့ နည်းပညာအကူအညီနဲ့ ကိုးရီးယားနိုင်ငံ Sky Asia ကုမ္ပဏီကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD