AD
AD
AD
play
နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်နှင့်အတူတွေ့ရသည့် ဒေါ်စုစုလွင်။

 

ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့နေရာမှာ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီးဒေါ်စုစုလွင်ကို ခန့်အပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်စုစုလွင်က လက်ရှိအချိန်မှာ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကျော်မတီ ဥက္ကဌအဖြစ်တာဝန်ယူထားသူလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတွေက ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဒေသကြီးဝန်ကြီးတချို့ကို အပြောင်းအလဲပြုလုပ်မယ်လို့ သတင်းတွေပေါ်ထွက်ခဲ့ပြီး လာမယ့်မေလ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အပြောင်းအလဲပြုလုပ်မယ့် ၀န်ကြီးဌာနသုံးခုရဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ နာမည်ကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခုလိုသတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

play

 

အပြောင်းအလဲဖြစ်မယ့် ၀န်ကြီးဌာနတွေက ပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ဖြစ်တယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဧပြီလ ၁၇ ရက်က ပြောကြားခဲ့တဲ့ နှစ်သစ်ကူးနုတ်ခွန်းဆက်စကားမှာ ပြုပြင်ပြောင်းလဲမှုနဲ့ အံမဝင်ခွင်မကျတဲ့ နေရာတွေမှာ သွက်လက်ထက်မြက်ပြီး အရည်အသွေးရှိတဲ့ လူစားလဲမှုတွေ လုပ်သင့်ပါက လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ဘူးပါတယ်။

Photo : Khin Maung Win

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD