AD
AD
AD
play

 

ဧပြီလ ၂၁ ရက် နေ့လည်ပိုင်းက စတင်လောင်ကြွမ်းခဲ့တဲ့ လိုင်သာယာထိန်ပင်အမှိုက်ပုံမီးကို ငြှိမ်းသတ်နိုင်ဖို့ အချိန်ကြာဦးမယ်လို့ မီးလောင်မှုကို ငြှိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အမှိုက်ပုံမီးကို မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၄ စီး၊ မီးသတ်အထောက် အကူပြုယာဉ် ခြောက်စီး၊ အုပ်ချုပ်မှုယာဉ် ခြောက်စီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ မိတ်ဖက်ယာဉ် လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၁၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ဦးတို့နဲ့ မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

"ကျွန်တော်မီးသတ်နေတာ ငါးရက်ရှိပြီ။ အတွင်းထဲမှာက အများကြီးပဲ။ နောက်ထပ်တစ်ပတ်လောက်ကြာနိုင်တယ်။ ကျွန်တော်တို့ လူခွဲပြီး လုပ်နေရပါတယ်။ မီးခိုးတအားများရင်တော့ နှစ်နာရီလောက်ပဲ အများဆုံးနေနိုင်တယ်"လို့ မှော်ဘီမြို့နယ် မီးသတ်ဦးစီးဌာနက တပ်ကြပ်ကြီးဘုန်းနိုင်က ဓူဝံ မီးဒီယာကို ပြောပါတယ်။

play

 

ရန်ကုန်မြို့ရဲ့ အကြီးဆုံးအမှိုက်ပုံဖြစ်တဲ့ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံက ဧပြီလ ၂၁ ရက် နေ့လယ်ပိုင်းကတည်းက စတင်မီးလောင်နေခဲ့ပြီး ဧပြီလ ၂၅ ရက် ညနေပိုင်းအထိ မီးမငြိမ်းသေးဘဲ မီးလောင်မှုကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူအချို့ အသက်ရှူကျပ်၍ ဆေးရုံတက်ရောက် ကုသခံနေရတယ်လို့ သိရပါတယ်။

ဧပြီ ၂၄ ရက် ညနေအထိ အမှိုက်ပုံ မီးလောင်မှုကြောင့်ထွက်လာတဲ့ မီးခိုးညှော်နံကြောင့် အသက်ရှူကျပ်ပြီး ကျန်းမာရေး စောင့်ေ ရှာက်မှုခံယူရသူ ၁၃ ဦးရှိပြီး အဆိုပါလူနာတွေ ကို လှိုင်သာယာဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကာ အမှတ် ၂၀ ရပ်ကွက်မှ ၁၀ ဦး၊ ၁၈ ရပ်ကွက်မှနှစ်ဦးနဲ့ ရွှေလင်ဗန်းမှတစ်ဦး ပါဝင်ပြီး သုံးဦးက သက်သာသွားလို့ ဆေးရုံကနေ ဆင်းသွားပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD