AD
AD
AD

ရိုက်တာ သတင်းထောက်နှစ်ဦးအမှုကို ထွက်ဆိုခဲ့တဲ့ ဒုရဲမှုးမိုးရန်နိုင်ကို မယုံကြည်ထိုက်သောသက်သေဟုတ်မဟုတ် မတ်လ ၂ ရက်နေ့မှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရုံးထုတ်စစ်ဆေးခဲ့တဲ့ ဒုရဲမှုးမိုးရန်နိုင်ရဲ့ ၀န်ခံထွက်ဆိုမှုကို မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် ကြေငြာပေးရန် တရားလို ရှေ့နေတွေက လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အဲ့လို လျှောက်ထားမှုအပေါ်ခွင့်ပြုသင့်၊မသင့်ကို မေလ ၂ ရက်နေ့ရုံးချိန်းမှာ အမိန့်ချမယ်လို့ ပြောဆိုခဲ့ပြီးတော့ ဒုရဲမှုးမိုးရန်နိုင်ကိုလည်း ရုံးချိန်းကို လာရောက်ဖို့ ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

play

 

ဒုရဲမှုးမိုးရန်နိုင်ငက ၁၄ ကြိမ်မြောက်ရုံးချိန်းမှာ ရိုက်တာသတင်းထောက်နှစ်ဦးအမှုက ထောင်ချောင်ဆင်ဖမ်းထားတာဖြစ်တယ်လို့ ၀န်ခံပြီးတဲ့နောက်မှာ တရားလိုရှေ့နေတွေက အခုလို တင်သွင်းခဲ့တာဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်း ကပ်စည်းရုံးဆက်သွယ်ပြီး အရေး ကြီးလုံခြုံရေးစာရွက်စာတမ်း အ ထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည် ရွယ်ချက်ဖြင့် တရားမဝင်သတင်း ရယူခဲ့သည်ဆိုကာ  ရိုက်တာသ တင်းဌာနမှ    မြန်မာသတင်း ထောက်များ ဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အပြင် ရဲတပ်ဖွဲ့ ဝင် နှစ်ဦးဖြစ်သော ဒုရဲမှူးမိုးရန်နိုင်နှင့် တပ်ကြပ်ခင်မောင်လင်း စုစု ပေါင်း လေးဦးကို မြန်မာနိုင်ငံအစိုး ရက လျှို့ဝှက်ချက်များ အက်ဥပ ဒေ ပုဒ်မ ၃ ဖြင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD