AD
AD
AD
play

 

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်ထဲမှာ ဆိုင်ကယ်စီးနင်းမှုအပြင် ဘက်ထရီတပ်ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဘက်ထရီတပ်ဆင်ထားတဲ့ ဆိုင်ကယ်နဲ့ စက်ဘီးတွေ၊ စက်တတ်ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့ မြို့နယ်တွေမှာ စီးနင်းတာတွေ့ရှိရင် ဥပဒေအရ ထိရောက်စွာ အရေးယူမှာဖြစ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်တွေ စီးနင်းရင် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကာ နယ်ကျော်စီးနင်းသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ကြေညာထားပါတယ်။

play

 

“ဆိုင်ကယ်မစီးရဘူးလို့ ထုတ်ထားတာက ကြာနေပါပြီ။ ဒါပေမယ့် စီးနေတာကို တွေ့ရတယ်။ အဲဒီဆိုင်ကယ်အသံတွေက တအားလည်း ဆူညံတယ်။ ရန်ကုန်မှာက ကားတွေရော၊ ဆိုင်ကယ်တွေရောဆိုရင် တအားရှုပ်တော့ ဒါကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်”လို့ သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာနယ်နမိတ်ပြင်ပ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊မှော်ဘီ၊ တိုက်ကြီးနဲ့ ထန်းတပင်မြို့နယ်တွေမှာ မော်တော်ဆိုင်ကယ်တွေ စီးနင်းခွင့် ပြုထားပါတယ်။

တရားမ၀င် လိုင်စင်မဲ့ဆိုင်ကယ်တွေကို စည်ပင်သာယာရေးဥပဒေပုဒ်မ ၇၂ အရ ဒဏ်ငွေ ကျပ်ငါးသောင်းကနေ ကျပ်သုံးသိန်းအထိ အပြင် ထောင်ဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD