AD
AD
AD

play

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ အဖွဲ့ဝင် အသစ် (၃) ဦး တိုးမြှင့်ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတ အမိန့်နဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဧပြီလ ၂၅ ရက်နေ့စွဲနဲ့ အမိန့် အမှတ် ၂၀ အရ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၁၉ ပါ ပြဌာန်းချက်တွေအရ ဦးစိန်သန်း (ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဦးညွှန့်တင် သံအမတ်ကြီး (ငြိမ်း)၊ ဒေါက်တာတင်မေထွန်း ပါမောက္ခ (ငြိမ်း)၊ အဝေးသင်တက္ကသိုလ် ရန်ကုန်(ငြိမ်း) တို့ကို အဖွဲ့ဝင်အဖြစ် ဖြည့်စွက်ခန့်ထားလိုက်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက အဖွဲ့ဝင် ၁၁ ဦးနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၆ ရက် ကနေ စတင်ကာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ငါးဦး စုစုပေါင်းကော်မတီဝင် ခုနစ်ဦးနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ၂ဝ၁၇ ခုနှစ်မှာ နိုဝင်ဘာလထိ ၄၁၄ စောင်ရရှိခဲ့တဲ့အနက် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ဖြေရှင်းဆောင် ရွက်ပေးရမယ့်ကိစ္စက ၂၇၆ စောင်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD