AD
AD
AD
play

 

စင်ကာပူနိုင်ငံမှာ ကျင်းပမယ့်  အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီနေ့ နေ့လည် ၁၁နာရီ မိနစ် ၄၀ မှာ နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။

play

 

နိုင်ငံတော်သမ္မတနဲ့အဖွဲ့ကို နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ သမ္မတရုံးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E.Ms. Vanessa Chan နဲ့ တာဝန်ရှိသူတွေက လိုက်ပါပို့ဆောင်နုတ်ဆက်ခဲ့ပါတယ်။

play

 

၃၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဧပြီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမှာဖြစ်ကာ အခုခရီးစဉ်က ဦးဝင်းမြင့်ရဲ့ သမ္မတရာထူးတာဝန်ရယူပြီးနောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်ဖြစ်လာပြီး အခြားအာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

play

 

နိုင်ငံတော်သမ္မတနဲ့ အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူများ လိုက်ပါသွားကြပါတယ်။

Photos : President Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD