AD
AD
AD
play

 

မော်ဒယ်ဖြစ်သူ ရည်းစားဟောင်းကို အဓမ္မပြုကျင့် နှိပ်စက်ခဲ့တယ်ဆိုတဲ့ အဆိုတော်အစ္စဏီကို ဧပြီလ ၂၆ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့တယ်လို့ သိရပါတယ်။ မုဒိမ်းမှုအပါအ၀င် ပုဒ်မ ၃ ခုနဲ့တရားစွဲဆိုခံထားရတဲ့ တေးသံရှင် အစ္စဏီကို လာမယ့် မေလ ၁၀ ရက်နေ့ကို နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အဆိုတော်အစ္စဏီက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါင်္တွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

play

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ အမှုစစ်ဆေးနေတယ်လို့ သိရပါတယ်။

 

ဒီအမှုနဲ့ ပတ်သက်ပြီး မော်ဒယ်စူးရှထက်ဘက်နေ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်အပါအ၀င် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ရှေ့နေတွေလည်း လိုက်ပါဆောင်ရွက်ပေးမယ်လို့ သိရပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်တဲ့ ပြစ်မှုပြစ်ဒဏ်မျှတရေးတို့ကို ဆောင်ရွက်သွားမယ်လို့ ဦးရောဘတ်စန်းအောင်က ပြောကြားထားပါတယ်။

Photos : Weekly Headline News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD