AD
AD
AD
play

 

ဧပြီလ ၂၁ ကနေ လက်ရှိအချိန်အထိ မီးလောင်မှုဖြစ်ပွားနေတဲ့ လှိုင်သာယာထိန်ပင်အမှိုက်ပုံအတွက် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၄၃၃ သန်းအသုံးပြုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ အတွင်းရေးမှူး ပြည်သူ့ငွေစာရင်းအဖွဲ့ဝင် ဦးကျော်ဇေယျက ပြောပါတယ်။

"ဒီဘတ်ဂျတ်က တင်ပြီးသားဘဏ္ဍာနှစ်ကလည်း ကုန်ပြီးသားလေ။ သူတို့သုံးခဲ့တာတွေက အဲ့လောက်ပေါ။ စည်ပင် ပတ်ဝန်းကျင်နဲ့ သန့်ရှင်းရေးဌာနက တင်ပြတာပါ။ ဒါက သုံးပြီးသားကို အစီရင်ခံထားတာပေါ့။ လျှပ်စစ်မီးနဲ့ စီစီတီဗွီကင်မရာတွေအတွက် တင်ထားတော့ ဒါတွေကက သူတို့အမြဲ မော်နီတာလုပ်နေတာတွေလေ။ မီးလောင်သွားတဲ့ဟာကျတော့ အဲ့ဒါတွေက ဘယ်လိုဘတ်ဂျက်ငွေနဲ့ ဘယ်လိုသုံးလဲပေါ့။ အန်ကယ်က အဲဒါကို ထောက်ပြချင်တာပါ" လို့ ဒဂုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောပါတယ်။

play

 

ဒါ့အပြင် ချပေးထားတဲ့ ဘတ်ဂျက်ထဲမှာ အမှိုက်ပုံမီးမလောင်အောင် တင်ပြထားတဲ့ စီမံချက်တွေရှိတယ်လို့လည်း ဆိုပါတယ်။

စက်သုံးဆီဂိုဒေါင်တည်ဆောက်ခြင်းအတွက် ၅၅ သန်း ၊ ထိန်ပင်အမှိုက်ပုံရေမြောင်းပြုလုပ်ခြင်းအတွက် ၁၃၁ သန်း၊ အ၀င်လမ်းကွန်ကရစ် ခင်းခြင်းအတွက် သန်း ၁၄၁.၃ သန်း၊ မြေအောက်ဆီဂိုဒေါင်ဆောက်လုပ်ခြင်းအတွက် ၃၅ သန်း၊ လျှပ်စစ်မီးနဲ့ လုံခြုံရေးကင်မရာတပ်တာအတွက် သန်း ၅၀၊ ထိန်ပင်အမှိုက်ပုံ WATER BOUND ခင်းတာအတွက် ကျပ် သန်း ၂၀.၈ နဲ့ တစ်နှစ်စာစီမံသုံးစွဲခဲ့တဲ့ ကုန်ကျစရိတ်က စုစုပေါင်း ကျပ်သန်း ၄၃၃ သန်းရှိတယ် ဦးကျော်ဇေယျက ပြောပါတယ်။

လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကတည်းက မီးလောင်ကျွမ်းနေတာဖြစ်ပြီး တော့ လက်ရှိအချိန်ထိ မီးငြိမ်းသတ်နေရဆဲဖြစ်ပါတယ်။

Photos : MFSD,U Kyaw Zay Ya Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD