AD
AD
AD
play

 

အင်းဒင်ရွာမှာ လူအများအစုအလိုက် အပြုံအလိုက် သတ်ဖြတ်ခဲ့တာကို ဖော်ထုတ်ရေးသားခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကိုပါ ပြန်လွှတ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၃၆ ဖွဲ့က နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာမှာ အချက်လေးချက်နဲ့ ထောက်ပြတောင်းဆိုခဲ့ပြီး နိုင်ငံတော်သမ္မတသစ်ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောခဲ့တဲ့ ယိမ်းယိုင်နေတဲ့တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ဖို့ဆိုပြီး ပြောဆိုခဲ့တဲ့ အချက်တွေအပေါ် မူတည်ပြီး သမ္မတအသစ်ဟာ တရားရေးကဏ္ဍကို ပိုပြီးကောင်းလာအောင် လုပ်လိမ့်မယ်လို့ မျှော်လင့်တာကြောင့်ဖြစ်တယ်လို့ Generation wave ရဲ့ ဥက္ကဌ ဦးမိုးသွေးက ပြောပါတယ်။

play

 

“သတင်းထောက်နှစ်ဦးဟာ စဖမ်းဆီခံရတည်းက သူတို့ ထောက်ချောက်ဆင် ဖမ်းဆီးခံရကြောင်းပြောပါတယ်။ နောက် အမှုလေးလကြာတဲ့ အခါမှာလည်း ဒုရဲမှူးမိုးရန်နိုင်က သူတို့နှစ်ဦးကို ထောက်ချောက်ဆင်ဖမ်းဆီးခဲ့ကြောင်း ထွက်ဆိုတယ်။ဒါတွေကို ကြည့်ခြင်းဖြင့် မတရား ဖမ်းဆီးခံရတာဖြစ်နိုင်တယ်။ သူတို့ ဖော်ထုတ်လိုက်တဲ့ အကြောင်းအရာက အရေးယူဖော်ထုတ်ရမယ့် ရာဇ၀တ်မှု တစ်ခုသာဖြစ်တယ်။ ဒါကို မသင့်တော်တဲ့ ဥပဒေပုဒ်မနဲ့ သတင်းထောက်တွေကို တရားစွဲဆိုထားတယ်။ ဒါဟာလည်း မတရားဘူး။ ဒီအချက်တွေကြောင့်မို့လို့ သူတို့သည် လုံးဝ အမှုရုတ်သိမ်းပြီး လွတ်မြောက်သင့်တယ်လို့ ယူဆတဲ့အတွက် အခုလို အိတ်ဖွင့်ပေးစာရေးသားတာဖြစ်တယ်” လို့ ဥက္ကဌ ကိုမိုးသွေးက ပြောပါတယ်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲံ့ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြိး အရေးကြီးစာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိခဲ့တဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ (၃)အရ အရေးယူထားပြီး ဒီအမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ဆိုပြီး ရဲတပ်ကြပ်ခင်မောင်ဝင်းနဲ့ ဒုရဲမှူးမိုးရန်နိုင်တို့ကိုလည်း အရေးယူထားတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD