AD
AD
AD
play

 

ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ လှိုင်သာယာထိန်ပင်အမှိုက်ပုံမီးလောင်မှုကို ငြှိမ်းသတ်ဖို့ အာဆီယံနိုင်ငံတွေကို အကူအညီတောင်းထားတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်ပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ် နောက်ဆက်တွဲကျန်းမာရး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအပြီး မီးလောင်မှုဖြစ်စဉ်နေရာကို သွားရောက်ကြည့်ရှုအပြီး ပြည်ထောင်စုဝန်ကြီးက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေမှာဆိုးရွားတဲ့ သဘာဝဘေးတွေဖြစ်ပွားရင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ၀ိုင်းဝန်ဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ AHA Centre မှာ မြန်မာနိုင်ငံက အသင်းဝင်ထားလို့ လက်ရှိဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေ တောင်းခံထားတယ်လို့ ဆိုပါတယ်။

play

လက်ရှိမီးလောင်မှုကို ငြိမ်းသတ်မှုဖြစ်စဉ်က တိုးတက်မှုရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာရှိတဲ့ ရေနဲ့ပစ်တဲ့ ရေအမြှောက်တွေ၊ စက်ယန္တရားတွေနဲ့ ဆောင်ရွက်နေလို့ တိုးတက်မှုအနည်းငယ်ရှိလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  မီးလောင်မှုဖြစ်စဉ် နောက်ဆက်တွဲကျန်းမာရး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။

 

အဆိုပါအမှိုက်ပုံကိုမီးကို ငြှိမ်းသတ်ဖို့မှာယူထားတဲ့ Bio Foam ဂါလံ ၁၈၀၀ က ထိုင်းနိုင်ငံကနေ ဒီနေ့(ဧပြီ ၂၇) ရက်ညမှာ ရန်ကုန်မြို့ကို ရောက်ရှိလာမှာ ဖြစ်ပြီး ကမ္ဘောဇအလင်းတန်း ဖောင်ဒေးရှင်းက Bio Foam ဂါလံ ၅၀၀၀ လှူဒါန်းမယ်လို့ ကမ်းလှမ်းထားတာကြောင့် စုစုပေါင်း Bio Foam  ဂါလံ ၆,၈၀၀ နဲ့ လုံလုံလောက်လောက် ငြှိမ်းသတ်နိုင်တော့မယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD