AD
AD
AD
play

 

ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင်မှာ ဧပြီလ ၂၇ ရက် မနက် ၉နာရီကျော်လောက်က အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး မိမိကိုယ်ကို ဓားနဲ့ထိုးပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့မနက် ၉ နာရီ ၂၀ လောက်က ဖြစ်တာပါ။ အခုတော့ ဆေးရုံကို ပို့ထားတယ်။ သူ့ကိုယ်သူ သတ်သေသွားတယ်ဆိုတာဟုတ်ပါတယ်” လို့ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဓူဝံ မီဒီယာကို ပြောပါတယ်။

 

ဒီဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်မှာ မျက်မြင်တွေ့ရှိသူ တစ်ဦးဖြစ်တဲ့ ကိုဇော်နီက “ လုံခြုံရေးတွေ သယ်ထုတ်သွားတာကို တွေ့လိုက်တယ်။ အဲဒီလူက သွေးတွေနဲ့။ ကိုယ့်ကိုကိုယ် လုပ်ကြံတယ်ဆိုတာကိုတော့ အနီးအနားက လူတွေ ပြောပြတာ”လို့ ပြောပါတယ်။

အခုလိုဖြစ်စဉ်က ရွှေတိဂုံစေတီပေါ်မှာ ပထမဆုံးဖြစ်ပွားတာဖြစ်ပြီး ရင်ပြင်ပေါ်ကို လက်နက်သယ်ဆောင်လို့ရခဲ့တာက ဘုရားဖူးပြည်သူတွေ အတွက် လုံခြုံရေးစိုးရိမ်စရာ ဖြစ်စေတယ်လို့ အခင်းဖြစ်ပွားရာနေရာမှာ ရှိနေတဲ့ ဘုရားဖူးတစ်ဦးက ပြောပါတယ်။

Photo : Ko ZawNi Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD