AD
AD
AD
play

 

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကနေ ခရီးသွားကုမ္ပဏီ ၃၇၇ ခုနဲ့ ဧည့်လမ်းညွှန် ၂၅၈ ဦးကို လိုင်စင်ဖျက်သိမ်းခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၆ ကနေ ၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ ဟိုတယ်နဲ့တည်းခိုရိပ်သာတွေက စည်းကမ်းဖောက်ဖျက်တာကြောင့် ဟိုတယ် သုံးလုံးကို လိုင်စင် သုံးလ ရုပ်သိမ်းခဲ့ပါတယ်။

၂၀၁၆ ကနေ ၂၀၁၈ အထိ နှစ်နှစ်အတွင်းမှာ ခရီးသွားကုမ္ပဏီ ၁၀၉၇ ခုကို လိုင်စင်ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်း လိုင်စင်ရယူထားပြီး လိုင်စင်သက်တမ်းတိုးဖို့ တင်ပြထားခြင်းမရှိတဲ့ ကုမ္ပဏီ ၃၇၇ ခုရဲ့ လိုင်စင်တွေကို ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် လိုင်စင်ရယူထားပြီး လိုင်စင်သက်တမ်းတိုးဖို့ တင်ပြထားခြင်းမရှိတဲ့ ဧည့်လမ်းညွှန် ၂၅၈ ဦးရဲ့ လိုင်စင်တွေကို ပယ်ဖျက်ခဲ့တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် လိုင်စင် ၂၀၄၆ ခုကို ၂၀၁၆ ကနေ ၂၀၁၈ အထိခွင့်ပြုပေးခဲ့တာဖြစ်ပြီးတော့ လိုင်စင်သက်တမ်း တိုးမြှင့်ခြင်းမရှိတဲ့ မော်တော်ယာဉ် ၁၀ စီးရဲ့ လိုင်စင်တွေကို ပယ်ဖျက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 ဒါ့အပြင် နိုင်ငံပိုင်ဟိုတယ်တွေကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းခဲ့ပြီးတော့ ဟိုတယ်ခကြွေးကျန်တွေကို သတ်မှတ်ကာလအတွင်း ပေးသွင်းဖို့ အကြောင်းကြားခြင်း၊ နဲ့ စာချုပ်ရပ်စဲတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD